လယ်သမားဟင်း 🥘🍲
ပါဝင်ပစ္စည်းများ
ပုဇွန်
မှို
မျှစ်
ခရမ်းသီး
ရုံးပတီသီး
ခရမ်းချဉ်သီး
ဂေါ်လခါးညွှန့်
မုန်းညှင်းစော
ဆူးပုပ်ရွက်
ပင်စိမ်း
ငရုတ်သီးစိမ်း
ကြက်သွန်ဖြူ
ငါးပိအနည်းငယ်
ချက်နည်း - ပထမဆုံး ရေ 750ml ခန့်ထဲကို ဟင်းခတ်မှုန့် ၊ ငံပြာရည် ၊ဆား ၊ငပိ တို့ကိုထည့်ပီး ပြုတ်ပါမယ်။ ရေဆူလာတဲ့အခါ ကြက်သွန်ဖြူ နဲ့ ပုဇွန် ကို ထည့်ပီး ဟင်းရည်အရသာ ကျအောင် medium heat နဲ့ 10မိနစ် ပြုတ်ထားမယ် ။
ဟင်းရည်ရပီဆို မျှစ် ၊မှို၊ခရမ်းသီး အရင်ထည့် ပီးနောက် ခရမ်းချဉ်သီး ၊ဂေါ်လခါး၊မုန့်ညှင်းစော ၊ ရုံးပတီ၊ ငရုတ်သီးစိမ်း ထည့်ပါမယ် ။ အနေတော်ရပီဆိုရင်
ဆူးပုတ်နဲ့ ပင်စိမ်း အုပ်ပီး စားသုံးလို့ရပါပီရှင်