4 w - Translate

နယူးဇီလန်ကို စိန်ခေါ်နိုင်မည်ဟု အက်ဒီဂျုံးစ် ပြောကြား
----------------------
ဂျပန်ရပ်ဂ်ဘီအသင်းနည်းပြ အက်ဒီဂျုံးစ်က အောက်တိုဘာ ၂၆ ရက်နေ့မှာ ယှဉ်ပြိုင်မယ့် ပွဲစဉ်မှာ နယူးဇီလန် အသင်းကို အကောင်းဆုံး စိန်ခေါ်နိုင်လိမ့်မယ်လို့ ကတိပေးပြောကြားလိုက်ပါတယ်။ ဂျပန်အသင်းနဲ့ နယူးဇီလန် အသင်းတို့ ပွဲစဉ်ကို ဂျပန်နိုင်ငံ ယိုကိုဟားမားမြို့မှာရှိတဲ့ ယိုကိုဟားမား နိုင်ငံတကာ အားကစားကွင်းကြီးမှာ ယှဉ်ပြိုင်ကြမှာ ဖြစ်ပါတယ်။

ဂျပန်ရပ်ဂ်ဘီအသင်းဟာ ရပ်ဂ်ဘီကမ္ဘာ့ဖလားပွဲစဉ်အဖြစ် တိုကျိုမှာ ကစားခဲ့တဲ့ ပွဲစဉ်အပါအဝင် နယူးဇီလန် အသင်းနဲ့ ရင်ဆိုင်ခဲ့တဲ့ နောက်ဆုံး ၅ ပွဲဆက် နိုင်ပွဲမရဖြစ်ခဲ့ပြီး လာမယ့်ပွဲစဉ်မှာတော့ ဒီရလဒ်ဆိုးကို အဆုံးသတ် နိုင်ဖို့ မျှော်လင့်ထားတယ်လို့ ဂျပန်နည်းပြ အက်ဒီဂျုံးစ်က ပြောကြားထားပါတယ်။ နည်းပြ အက်ဒီဂျုံးစ်ဟာ နယူးဇီလန်အသင်းနဲ့ ကစားမယ့်ပွဲအတွက် လူရွေးချယ်ထားရာမှာ လူငယ်ကြယ်ပွင့် ကစားသမား ယာဇာကီ အပါအဝင် အဓိက ကစားသမား အစုံအလင်ကို ရွေးချယ်ထားပါတယ်။

ဂျပန်အသင်းရော နယူးဇီလန်အသင်းပါ လက်ရှိအချိန်မှာ ကစားပုံကောင်းမွန်နေကြသလို ရလဒ်ကောင်းတွေလည်း ရရှိထားတာ ဖြစ်လို့ လာမယ့်ပွဲစဉ်က စိတ်လှုပ်ရှားစရာကောင်းမှာ အမှန်ပါပဲလို့ အက်ဒီဂျုံးစ်က ပြောကြားသွား ခဲ့ပါတယ်။

imageimage