4 w - Translate

နဂါးလှေလှော်ပြိုင်ပွဲတွင် မြန်မာ ပထမရွှေတံဆိပ်ဆုရ
---------------------------------
၂၀၂၄ခုနှစ် ကမ္ဘာ့ချန်ပီယံရှစ် နဂါးလှေလှော်ပြိုင်ပွဲမှာ မြန်မာလှေလှော်အားကစားအဖွဲ့ဟာ ပထမရွှေတံဆိပ်ဆုရရှိခဲ့တယ်လို့ မြန်မာနိုင်ငံလှေလှော်အဖွဲ့ချုပ်ကနေ သိရပါတယ်။

၂၀၂၄ခုနှစ် ကမ္ဘာ့ဖလား နဂါးလှေလှော်ပြိုင်ပွဲနဲ့ ကမ္ဘာ့ချန်ပီယံရှစ် နဂါးလှေလှော်ပြိုင်ပွဲကို အောက်တိုဘာလ ၂၄ ရက်ကနေ နိုဝင်ဘာလ ၃ ရက်အထိ တရုတ်နိုင်ငံနဲ့ ဖိလစ်ပိုင်နိုင်ငံတို့မှာ ကျင်းပနေတာပါ။

မြန်မာလှေလှော်အားကစားအဖွဲ့ဟာ အောက်တိုဘာလ (၂၅) ရက်နေ့ကကျင်းပတဲ့ ကမ္ဘာ့ချန်ပီယံရှစ် နဂါးလှေလှော်ပြိုင်ပွဲ အမျိုးသား ရှစ်တက်လှော် မီတာ (၂၀၀၀) ပြိုင်ပွဲမှာ ပထမရွှေတံဆိပ်ဆုကို ဆွတ်ခူးရရှိခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

အမျိုးသား ရှစ်တက်လှော် မီတာ (၂၀၀၀) ဗိုလ်လုပွဲမှာ အသင်းပေါင်း (၁၂) သင်း ယှဉ်ပြိုင်ခဲ့ကြပြီး မြန်မာအသင်းက ပထမရွှေတံဆိပ်ဆု၊ ထိုင်း အသင်းက ဒုတိယ ငွေတံဆိပ်ဆုနဲ့ တရုတ်အသင်းက တတိယ ကြေးတံဆိပ်ဆုတို့ကို ရရှိခဲ့ကြတာ ဖြစ်ပါတယ်။

မြန်မာလှေလှော်အားကစားအဖွဲ့အနေနဲ့ ကျန်တဲ့ပြိုင်ပွဲအမျိုးအစားတွေမှာလည်း ဆက်လက်ပါဝင်ယှဉ်ပြိုင်နေတယ်လို့ မြန်မာနိုင်ငံလှေလှော်အဖွဲ့ချုပ်ကနေ သိရပါတယ်။

image