27 w - Translate

အင်ကြင်းပန်းတွေပွင့်နေပြီဖြစ်တဲ့
ဇီးအိုရွာ

မန္တလေးတိုင်း ၊ ညောင်ဦးမြို့နယ်မှာရှိပြီး
ထူးထူးခြားခြား အပူပိုင်းဇုန်မှာ အင်ကြင်းပေါက်ဖို့ရာမလွယ်ပေမယ့် ဒေသအခေါ်အဝေါ် (သစ်လှတော)မှာတော့ ဧကနဲ့ချီရှိတဲ့ အင်းကြင်းတောဖြစ်ပါတယ်။

ဧက ၄၀ ကျယ်ဝန်းပြီးလုံးပတ် ၁၅ ပေ ၁ လက်မနဲ့ ၁၇၃ ပေ အမြင့်ရှိပြီး သက်တမ်း ၅၀၀ ကျော် အင်ကြင်းပင်ကြီးဟာ အဲဒီသစ်တောအတွင်းမှာ အကြီးမားဆုံး အင်ကြင်းပင်ကြီး ဖြစ်ပါတယ်။

၎င်းအင်ကြင်းတောတွင် အင်ကြင်းပန်း ၃ မျိုး ဖြင့် နှစ်စဥ် တပေါင်းတန်ခူးလတွေမှာ ဖူးပွင့်လေ့ရှိပါတယ်။ အင်ကြင်းပန်းအရောင်များမှာအဝါရောင်၊အစိမ်းရောင်၊အနီရောင် ဆိုပြီး ပွင့်ကြပါတယ်။

ဒီအင်ကြင်းတောကို စောင့်ရှောက်တဲ့ နတ်နှစ်ပါးကတော့ ပန်းပဲမောင်တင့်တယ်ရဲ့ ညာလက်ရုံးဖြစ်တဲ့ ဦးလှတင်အောင်နဲ့ ဒေါ်ပန်းမြရင်ဆိုတဲ့ နတ်မောင်နှမဖြစ်ပါတယ်။

အင်ကြင်းပန်းပွင့်ချိန် တပေါင်း၊ တန်ခူးနဲ့ ကဆုန်လတွေမှာဖြစ်ပါတယ် ။

Owner Credit

image