Welcome to Scorpio Season … Oct 23 to Nov 21 … မှာ ဒီကာလ Energy Theme က Transformation, Intense နဲ့ Deep Emotional Exploration တို့ပဲ ဖြစ်ပါတယ် ...
ပလူတိုဂြိုလ်နဲ့ မားစ်ဂြိုလ်တို့ရဲ့ Rule အောက်မှာ ရှိတဲ့ Scorpio ဖြစ်တာကြောင့် နက်နဲမှု, လျှို့ဝှက် ဆန်းကြယ်မှု, ပြန်လည် မွေးဖွားခြင်းတို့နဲ့ ဆက်စပ်နေပါတယ် ...
ဒါ့ကြောင့် ဒီကာလမှာ လေးနက်တဲ့ အပြောင်းအလဲတွေ ဖြစ်လာနိုင်ပြီး ... ကိုယ့်အတွက် မလိုအပ်တော့တဲ့ လေးလံတဲ့ အရာတွေကို လွှတ်ချလာနိုင်မှာလဲ ဖြစ်ပါတယ် ... ဒါဟာ Personal Growth အတွက် Season လဲ ဖြစ်ပါတယ် ...
Scorpio Season မှာ ကိုယ့်ရဲ့ ဖုံးကွယ် သိုဝှက်ထားတဲ့ စိတ် ခံစားချက်တွေ, အတွေးတွေ Feeling, Thought, Emotion စတဲ့ အရာတွေကို ပြန်လည် ရင်ဆိုင်ရမည့် အချိန်လဲ ဖြစ်ပါတယ် ...
ဒါ့ကြောင့် စိတ် ခံစားချက်တွေဟာ ပြင်းထန် Intense ဖြစ်နေတာမျိုး ဖြစ်ကာ ကိုယ့်ရဲ့ စိတ်ပိုင်းဆိုင်ရာ, ခံစားချက်ပိုင်းဆိုင်ရာတွေကို ပြန်လည် ရှာဖွေကာ ရှင်းလင်း ပြတ်သားအောင် လုပ်ရမယ့် အချိန်, Emotional Healing အတွက် အားထုတ်ရမယ့် အချိန်လဲ ဖြစ်ပါတယ် ...
#myothihakyaw ~ Randy
ပြီးတော့ Scorpio ဟာ ထိန်းချုပ်ခြင်း, အာဏာပါဝါ, စွမ်းဆောင်နိုင်မှု, Manipulate စတာတွေနဲ့ ချိတ်ဆက်နေလို့ ဒီကာလမှာ ပေါင်းသင်းဆက်ဆံရေး Relationship တွေမှာ ဘယ်လို Energy မျိုးနဲ့ အပြန်အလှန် ဆက်ဆံနေလဲ ဆိုတာကို သေသေချာချာ သုံးသပ်ကာ Personal Boundary ပြန်ပြီး ချမှတ်ရမယ့် အချိန် ကာလလဲ ဖြစ်ပါတယ် ...
Scorpio Energy ဟာ စိတ်အားထက်သန်မှု, စိတ်ဆန္ဒ Passion and Desire တို့နဲ့လဲ စပ်ဆက်နေလို့ ရည်မှန်းချက် ပန်းတိုင်တွေ, ဖန်တီး ကြိုးစား အားထုတ်မှု တွေမှာ အင်တိုက် အားတိုက် အကောင်အထည် ဖော်လို့ ကောင်းတဲ့ အချိန်ကာလ တစ်ခုလဲ ဖြစ်ပါတယ် ...
ဒါ့အပြင် Scorpio ဟာ Transformation, Evolution အတွက် မွေးဖွားလာတာ ဖြစ်လို့ ... ဒီအချိန်မှာ အတိတ်က စိတ်ဒဏ်ရာတွေ, နာကျင်မှုတွေ, အနာတရတွေ, လေးလံစွာ သယ်ပိုးထားတဲ့ စိတ်ခံစားချက်တွေ အားလုံးကို Healing လုပ်လို့ အကောင်းဆုံး, Let Go လုပ်လို့ အကောင်းဆုံး အချိန်ပဲ ဖြစ်ပါတယ် ...
ဒီ Season မှာ ကိုယ့်ကိုယ်ကို အသစ်တစ်ဖန် ပြန်လည် မွေးဖွားလာနိုင် စေရန် အခွင့်အရေး ပေးလိုက်ဖို့နဲ့ ခွင့်ပြုပေးလိုက်ဖို့ပဲ လိုအပ်ပါတယ် ...
Have A Nice Day! ♥️♥️♥️
#မျိုးသီဟကျော် ~ #randy
⭐️ Life & Relationships Coach
⭐️ Healer & Spiritual Mentor
#crd