ပူပူနွေးနွေး ဖတ်ပြီးလိုက်ရတဲ့ စာရေးဆရာမ ခင်သန္တာ ရဲ့"အရိပ်မဲ့ပန်းတို့လွင့်မျောရာ" ဆိုတဲ့ စာအုပ်ကလေး ....
အခု ဒီစာအုပ်လေးက ကိုယ်တွေ မမီခဲ့ရတဲ့ခေတ် ၁၉၅၈ ခုနှစ်က တကယ့်အဖြစ်အပျက်အခြေအနေတွေကို တက္ကသိုလ်ကျောင်းသူလေး မိမိနုမှသည် သမီးသိမ့် ကနေ NGO အဖွဲ့အစည်း မှာအလုပ်လုပ်နေတဲ့ အဖွားကဲ့သို့ မာန်ရှိတဲ့ မြေးမလေး မိုးသွန်းခ ဘဝ အထိ ပုံဖော်ထားမှုတွေက နှစ်မြောချင်စရာ။
မိမိနုဆိုတဲ့ အမျိုးသမီးကနေအစချီတာပေါ့...
ကိုယ်သဘောမတူပါဘဲ ဖြစ်သွားတဲ့အရာတွေအတွက် သူမတွေဝေမနေခဲ့ဘူး... မာနကြီးပြီးထက်မြတ်တဲ့အမျိုးသမီး၊ ဒါပေမဲ့သူမက သူ့ရင် သွေးအတွက် နွေးထွေးတဲ့ရင်ငွေ့ ပေးဖို့မတတ်နိုင် ခဲ့ဘူး... အဲဒီကစပီးပြောင်းလဲလာတာလို့ဆိုရမလားပဲ... မိသားစုတွေရဲ့ရုန်းကန်ရတဲ့အခြေနေတွေ၊ အသိပညာတွေ၊ ခံယူချက်တွေ၊ မေတ္တာတရား ရဲ့အရေးပါပုံတွေ မြင်လာရတယ်။
ပြီးတော့ သွန်းခ ဆိုတဲ့ ကောင်မလေး ၊ စိတ်ဒဏ်ရာများစွာ ရှိနေတဲ့သူမ ... သူမကိုသဘောကျတယ်... ဒါပေမဲ့ ဦးနောင်နဲ့ကျတော့ သူမကိုမတင်မကျဖြစ်ရတယ်... ဒီထပ်နည်းနည်း ပြတ်သားဖို့သင့်တယ် လို့မြင်တယ်... ကျော်စွာဆိုတဲ့အမျိုးသားနဲ့ကျတော့လည်း ငယ်ပေါင်းလို ပွင့်ပွင့်လင်းလင်းပြောဆိုတတ်တယ်... သူမကိုလုံခြုံမူပေးနိုင်စွမ်းရှိတဲ့ ထိုအမျိုးသား ... သွန်းခ က ဘဝ အနိမ့်အမြင်တွေ ၊ ရွေးချယ်မူတွေ၊ ငြင်းပယ်မူတွေမှာ ထက်မြက်မှုရှိတယ်...
LGBTနဲ့ပတ်သတ်ပီးလည်း ကိုကြည်ဆိုတဲ့ ကြည်လဲ့... သူမအ ကြောင်းနဲ့ပတ်သတ်ပီးတစ်စိတ်တစ်ပိုင်းလှစ်ပြထားတယ်... ဖြစ်တည်မူကိုလေးစားပါဆိုတာတော့ သဘောကျတယ်...။
ခေါက်ရိုးကျိုးနေတဲ့အကျင့်တွေက လွယ်လွယ်နဲ့ မပြေနိင်သေးလည်း လူလူချင်းပဲမို့ gender မခွဲဘဲ သူ့ကဏ္ဍနဲ့သူ လေးစားသင့်ပါတယ် ... ဒါပေမဲ့ခုနောက်ပိုင်းတော့ပွင့်လင်းလာကြတာ မြင်တယ် ... supportပေးကြတဲ့သူတွေ
လည်း များလာတယ်။
ငွေများတရားနိုင် ဖြစ်တဲ့ ဒီနိုင်ငံမှာ ...sexual ပိုင်း မှာဆိုလည်း ထိရောက်တဲ့လုပ်ဆောင်မူတွေလျော့ရဲနေတယ်... မျှတမူဆိုတာ နစ်နာသူအတွက် ရသင့် မဟြတ်လား ... ဒီလိုမျိုး case တွေကြားတိုင်းလည်းကြေကွဲရတယ်။
ဇာတ်ကောင်များလွန်းလို့ တစ်ခါတလေ မျက်စိတောင်လည်ချင်တယ်...ဇာတ်ရေပိုင်နိုင်အောင် ရေးသားထားတဲ့ ဆရာမကိုတော့ တကယ်လေးစားမိတယ်။
ဒီစာအုပ်လေးဖတ်ပြီးတဲ့အချိန် ပြောပြချင်နေတဲ့ အကြောင်းအရာတွေ/ အလိုမကျတဲ့ အကြောင်းအရာတွေ အများကြီး ရှိနေခဲ့တယ် .... တစ်ခုခုကို မကျေနပ် သလိုကြီးပဲ။
ဘာကိုမကျေနပ်လဲဆိုတာတော့.....ကိုယ်တိုင်အဖြေရှာမရ၊ မိန်းမဖြစ်ရတဲ့ဘဝ မကောင်းပါလား၊ မိန်းမဖြစ်ရတာ တကယ့်ကို ရင်မောစရာပါလားလို့တောင် တွေးနေမိတယ်။
နောက်ပြီး......
ကိုယ့်ကိုကိုယ်တန်းဖိုးမထားတတ်တဲ့ မိန်းကလေးတွေကိုအပြစ်တင်ရမလား?
သားသမီးတွေကို လုံခြုံမှုသေချာမပေးနိုင်တဲ့
မိဘတွေကို အပြစ်တင်ရမလား?
အမှန်တရားကို လျစ်လျူရှုနေတဲ့
ဥပဒေကိုပဲ အပြစ်ပုံချရမလား?
သတ္တိတွေ၊ ရဲရင့်ပြတ်သားမူတွေ၊နွေးထွေးဖေးမမူတွေနဲ့ အရိပ်မဲ့ပန်းတွေ လှပစွာပွင့်လန်းနိုင်ကြပါစေ......
#နောင့်
#crd