ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့် မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီးတို့တွေ့ဆုံဆွေးနွေး
Photo News
အောက်တိုဘာ ၂၆၊ နေပြည်တော်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းနှင့် မြန်မာနိုင်ငံဆိုင်ရာတရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး H.E. Ms. Ma Jia တို့သည် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး၊ ဧည့်ခန်းမ၌ အောက်တိုဘာ ၂၅ ရက်နေ့က တွေ့ဆုံဆွေးနွေးခဲ့ကြသည်ဟု နစက ၏ ထုတ်ပြန်ချက်အရသိရသည်။
နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်း ဆောင်ရွက်မှုများ မြှင့်တင်ဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များ၊ နယ်စပ်ဒေသ တည်ငြိမ် အေးချမ်းရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေးဆိုင်ရာကိစ္စရပ်များ၊ တပ်မတော်နှစ်ရပ် အကြား နည်းပညာ၊ သတင်းအချက်အလက်အပါအဝင် နယ်ပယ်အလိုက် ပူးပေါင်း ဆောင်ရွက်ရေးဆိုင်ရာကိစ္စရပ်များနှင့် စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြကြောင်း ထုတ်ပြန်ချက်အရသိရသည်။
မြန်မာ့နိုင်ငံရေးလေ့လာသုံးသပ်သူတစ်ဦးက "ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့ တရုတ်ပြည်ခရီးစဥ်သတင်းထွက်ပေါ်နေချိန်မှာ အခုလို တွေ့တာဆိုတော့ ခရီးစဥ်ညှိနှိုင်းမှုတွေအပါအဝင် စစ်ရေးကိစ္စတွေပါပါလောက်တယ်ဟု ပြောသည်။
ပြီးခဲ့သည့် ရက်ပိုင်းအတွင်းကလည်း MNDAA ခေါင်းဆောင် ဖုန်တာ့ရွှင်ကို တရုတ်အထူးကိုယ်စားလှယ်တိန့်ရွှီကျင်းက ယူနန်ပြည်နယ်နဲ့ ခေါ်ယူတွေ့ဆုံခဲ့သည်ဟု BBC သတင်း၌ ဖော်ပြခဲ့သည်။
လက်ရှိအချိန်တွက် ရှမ်းမြောက်ဒေသ လားရှိုးမြို့ကို MNDAA တပ်ဖွဲ့က သိမ်းပိုက်ထားကာ တပ်မတော်မှလည်း လေကြောင်းတိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်နေပြီး တရုတ်အစိုးရက MNDAA ကို လားရှိုးမှ ဆုတ်ခွာရန် ဖိအားပေးနေသည်ဟု သတင်းများ ထွက်ပေါ်နေသည်။
ဓာတ်ပုံ - CINCDS
#centralnewsnaypyitaw