အရင်က ကျွန်တော် စဉ်းစားခဲ့ဖူးတယ်။
ငါတွဲလိုက်တဲ့ လက်တွေက ဘာလို့မမြဲခဲ့တာလဲပေါ့။
ငါ့ကိုကျ ဘာလို့ ငါချစ်သလို
ပြန်ချစ်ပေးမဲ့သူမရှိတာလဲပေါ့။
အခုမှတစ်ဖြည်းဖြည်း ကျွန်တော်သိလာတာက
ကျွန်တော်ပေးတဲ့ ချစ်ခြင်းမေတ္တာတွေဟာ အရမ်းကို limit များသွားတာပါ။
တစ်ဖက်သူဟာ သူ အချစ်ခံနိုင်တဲ့ limit ကို
ကျော်လွန်တဲ့အထိကို ကျွန်တော် ပေးခဲ့မိတာ။
ကျွန်တော့်စိတ်က ချစ်မိရင် ဒီတစ်ယောက်ထဲကိုပဲ
အချိန်ပေးချင်တာ။
ဒီတစ်ယောက်အတွက်ကိုပဲ အချိန်ပြည့်စဉ်းစားနေမိတာ။
ပြီးတော့ ကျွန်ဝော်ချစ်တဲ့သူကိုလည်း
ကြှနျဝောာ့ျလိုခစြျပေးတာမျိုး လိုချင်မိတယ်ပေါ့။
အဲ့ဒီ့မှာတင်ခက်ပြီ။
ကျွန်တော်ချစ်သလိုမျိုး တစ်ဖက်က ပြန်မပေးလာရင်ကို
ကျွန်တော့်စိတ်တွေက အဆင်မပြေတော့ဘူး။
ပြဿနာတွေရှာမိတယ် ။
တစ်ဖက်မှာ ကျွန်တော့်ကြောင့်
စိတ်ရှုပ်နေရလားတောင် ထည့်မတွက်မိတော့ပဲနဲ့ပေါ့။
ကြာလာတော့ ကျွန်တော် ချစ်မိတာတွေက
တစ်ဖက်မှာ ရှုပ်ခြယ်သလိုမျိုး မြင်လာစေတော့တာပါပဲ။
ကျွန်တော် ချစ်လို့ စိတ်ပူမိတာတွေကလည်း
သူ့အတွက် စိတ်ရှုပ်စရာတွေလိုဖြစ်လာတော့တယ်။
" ကိုယ်က ကြောင်လေးတစ်ကောင်ကို ချစ်လွန်းလို့
ကိုယ့်နားကိုဆွဲခေါ်ထားရင်း
ပွတ်သီးပွတ်သပ်လုပ်နေပေမဲ့ ကြောင်လေးကတော့
ကျွန်တော် ချစ်တဲ့ဒဏ်ကို မခံနိုင်ပဲ ဘေးနားကနေ
ထွက်ပြေးချင်သလိုမျိုးပေါ့။"
နောက်ဆုံး ကျွန်တော့်ဘေးနားကနေ
လူတိုင်းထွက်ပြေးကြတယ် ။
ကျွန်တော် ချစ်တဲ့ ဒဏ်ကို မခံနိုင်ကြလို့။
ချစ်ခြင်းမေတ္တာမှာလည်း ပူပေါင်းတစ်လုံးလို
ခံနိုင်ရည်အားတွေရှိလာမှန်း တစ်ဖြည်းဖြည်း
သိလာတယ် ။
အဲ့ဒီ့ခံနိုင်ရည်ကို ကျော်သွားရင်
ပေါက်ကွဲကုန်ပြီပဲ ။