27 w - Translate

ဝက်သား ကုန်းဘောင်ကြီးကြော်😋😋
""""""""""""""""""""""""""""""""""""""""""""""""""""
ဝက်သားကို အသီးအရွက်နည်းနည်းရောပြီး ဆိုင်ကြော်နည်းအတိုင်းကုန်းဘောင်ကြီးကြော်လေးချက်စားကြည့်ရအောင်နော် 😋
------------------------------------
ပါဝင်ပစ္စည်းများ
""""""""""""""""""""""""""""""""""""""""""""""
ဝက်သား - ၁၅ ကျပ်သားခန့်
ကြက်သွန်ဖြူ - ၅ မြွှာ (ဓားပြားရိုက်ပါ)
ချင်း - ၅ ပြား (ပါးပါးလှီးပါ)
ကြက်သွန်နီ - ၂ လုံး(၄ စိတ်စိတ်ပြီး အဖတ်လေးများ နွှာထားပါ)
ကြက်သွန်မြိတ် - ၃ ပင် (အနေတော်အရွယ်လှီးပါ)
ပန်းဂေါ်ဖီပွင့် - အနည်းငယ်
ငရုတ်ပွသီး - အကြီး ၁ လုံး
ဆီ - စားပွဲဇွန်း ၃ ဇွန်း
ငရုတ်သီးခြောက်ကြော် - ၁၀ တောင့်
သီဟိုဠ်စေ့ - အနည်းငယ်
ငရုတ်ကောင်းမှုန့် - လက်ဖက်ရည်ဇွန်း ၁/၃ ဇွန်း

ဆော့စ်ချက်ရန်အတွက် ပါဝင်ပစ္စည်းများ
""""""""""""""""""""""""""""""""""""""""""""""""""""""""""""""""""""""""""""""""""""
ပဲငံပြာရည်အနောက် - စားပွဲဇွန်း ၃ ဇွန်း
ခရုဆီ - စားပွဲဇွန်း ၁ ဇွန်းခွဲ
ပဲငံပြာရည်အကြည် - စားပွဲဇွန်း ၁ ဇွန်းခွဲ
ရှာလကာရည် - စားပွဲဇွန်း ၁ ဇွန်း
ရေ - စားပွဲဇွန်း ၄ ဇွန်း
နာနတ်ပွင့် - ၆ ပွင့်
သကြား - လက်ဖက်ရည်ဇွန်း ၁ ဇွန်း
------------------------------------------------------------------------------------
ချက်ပြုတ်နည်း
"""""""""""""""""""""""""""""""""""""
1 ဦးစွာပထမ ဆော့စ်ချက်ရန်မှာ ဒယ်အိုးတစ်အိုးထဲ ပါဝင်ပစ္စည်းများအားလုံး ထည့်၍ မီးအေးအေး ဖြင့် သမအောင်မွှေပြီး ဆူပွက်သည်အထိတည်ထားပါ။

2 ဒယ်အိုးထဲ ဆီထည့်ပြီး ပူအောင် တည်ပါ။ ဆီပူလာလျှင်ကြက်သွန်ဖြူနှင့် ချင်းကို ထည့်ပြီး အနံ့မွှေးလာသည်အထိ ဆီသတ်ပါ။

3 ပြီးလျှင် ဝက်သား၊ ငရုတ်သီးခြောက်ကြော်၊ ပန်းဂေါ်ဖီပွင့်၊ ငရုတ်ပွသီး၊ သီဟိုဠ်စေ့နှင့် ကြက်သွန်နီတို့ကို ထည့်ပြီး ကြော်ပါ။ ငရုတ်ကောင်းမှုန့်ထည့်ပြီး သမအောင် မွှေပါ။

4 ပြီးလျှင် ချက်ထားသော ဆော့စ်ရည်နှင့် ကော်ရည်ကို ထည့်ပြီး သမအောင် မွှေပါ။ ဝက်သားကျက်ပြီဆိုလျှင် ကြက်သွန်မြိတ်ထည့်ပြီး ခဏနေလျှင် ပနျးကနျထဲသို့ထည့ျ၍သုံးဆောငျလို့ရပါပွီနောျ
--------------------------------
#credit
#ဝက်သား #ဝက်ကုန်းဘောင်
#cooking #ကုန်းဘောင်ကြီးကြော်
#ချက်ပြုတ်နည်း #ဟင်းချက်နည်းများ

image
image
image
image