လားရှိုးရှိ MNDAA အခြေစိုက်နေရာများကို တပ်မတော်ဗုံးကြဲတိုက်ခိုက်
အောက်တိုဘာ ၂၅၊ နေပြည်တော်။
လားရှိုးမြို့နယ်၊ မယ်ဟန်ကျေးရွာအနီးရှိ စစ်ဆေးရေးဂိတ်အပါအဝင် MNDAA အခြေစိုက်နေရာများကို တပ်မတော်လေမှ လေယာဉ်များဖြင့် ဗုံးကြဲတိုက်ခိုက်မှုများ အောက်တိုဘာ ၂၅ ရက်နေ့ နေ့လည်ပိုင်းက ပြုလုပ်ခဲ့ကြောင်း သိရသည်။
ပြီးခဲ့သည့် ရက်ပိုင်းအတွင်းကလည်း MNDAA ခေါင်းဆောင် ဖုန်တာ့ရွှင်ကို တရုတ်အထူးကိုယ်စားလှယ် မစ္စတာတန့်ရွှီကျွင်းက ယူနန်ပြည်နယ်တွင် ခေါ်ယူတွေ့ဆုံခဲ့သည်ဟု BBC သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
မြန်မာ့အရေးသုံးသပ်သူတစ်ဦးက “အခြေအနေတွေ ရှုပ်ထွေးနေတယ်၊ တရုတ်က MNDAA ကို လားရှိုးကနေ ဆုတ်ဖို့ ခေါ်ပြီး ဖိအားပေးတာမျိုးလုပ်တာ ဖြစ်နိုင်တယ်။ နောက်ပိုင်းလေကြောင်းတိုက်ခိုက်မှုတွေမှာ တရုတ်က မြန်မာဘက်ကို ပစ်မှတ်တွေ ပေးပို့ပေးတယ်လို့ သတင်းတွေလည်း ြကားနေရတယ်”ဟု ပြောသည်။
ဓာတ်ပုံ-ဗုံးကြဲတိုက်ခိုက်ခံထားရသည့် MNDAA အခြေစိုက်နေရာတစ်ခု(ပုံဟောင်း) Nay Wa Soe
#centralnewsnaypyitaw