အချိန်တန်ရင် ပြတ်မယ့် စုံတွဲ(၅)မျိုး။
၁။ "မဖောက်ပြန်ယုံနဲ့ ပြည့်စုံပြီထင်ပြီး
ချစ်ကြောင်းထုတ်မပြဘဲ၊အမှတ်တရနေ့တွေ သတိမထား၊အနားရှိတုန်း လျစ်လျူရှု၊ပေါ်လိုက်ပျောက်လိုက်ဂရုစိုက်မှုတွေနဲ့ အပေးသာရှိပြီး အပြန်မရှိသောအချစ် စုံတွဲ"
၂။ "ကိုယ့်လက်တွဲဖော်ရဲ့ အားနည်းချက်တွေကို ခဏခဏထုတ်ပြော၊(ချစ်ရင် စဆက်သွယ်မယ် )အတွေးမျိုးနဲ့ ချစ်ခြင်းမေတ္တာစစ်ကို အနိုင်ပိုင်း မဆက်သွယ်ဘဲနေ၊ (ငါလုပ်ချင်တာလုပ်မယ် နင်ကြိုက်မှတွဲ)ဆိုပြီး အမြဲလိုလို အပေါ်စီးကဆက်ဆန်၊တဖက်လူအပေါ် လေးစားမှုမရှိ၊ အမြဲစိတ်ပင်ပန်းရသော စုံတွဲ"။
၃။ "တဖက်က မခွဲနိုင်မှန်းသိလေ အနိုင်ယူလေ၊
တဖက်က မစွန့်ခွာရက်နိုင်မှန်း သိလေ အနိုင်ယူလေ၊
အချစ်သာခံချင်ပြီး ပြန်ချစ်ပေးဖို့ အတွေးမရှိဘဲ
တစ်ဖက်မေတ္တာကို မသိကြွေးကျွန်ပြုကာ၊
အလေးနက်ထားခြင်းမရှိသော စုံတွဲ"။
၄။ အလုပ်လုပ်နေကြခြင်းအတူတူ တဖက်က အမြဲဆက်သွယ်ဖို့ အားလပ်နေပြီး၊တဖက်က မအားလပ်ခြင်းခေါင်းစဥ်အောက်မှာ အကြောင်းပြချက်ပေါင်းစုံနဲ့၊ ချစ်သရောင်ရောင်နဲ့ ပစ်သရောင်ရောင်ဆန်နေသော အချစ် စုံတွဲ။
၅။ အမြဲကောင်းပေးလာသောလက်တစ်စုံအား၊
ခဏတာ ပျော်ရွှင်မှုတစ်ခုနဲ့ လဲလှယ်ဖို့ဝန်မလေးသော
စုံတွဲ( အတူအိမ်မက်မက်လာပြီးမှ ခရီးတဝက်မှာ သစ္စာဖောက်သွားသော အချစ်စုံတွဲ"။
#crd_to_owner