5 w - Translate

✨ ငွေနဲ့ ပတ်သက်တဲ့ ခံယူချက် အမှားတစ်ချို့
ဒီစာအုပ်လေး ဖတ်ပြီး ပြင်ဆင်ခွင့်ရမယ်။ ✨
✨ နိုင်ငံတကာမှာ အရောင်းရဆုံး စာအုပ်လို့ ဆိုပေမယ့် လူတိုင်း နှစ်သက်မယ့် အရေးအသားမျိုးကြလည်း မဟုတ်ပြန်ဘူး။ ✨
✨ သူပြောသလို စာအုပ်အဆုံးထိ ဖတ်နိုင်မယ့်သူဟာ 10 ယောက်မှာ ဆို 10 ယောက်လုံး မပြည့်နိုင်ဘူး။ ✨
✨ တကယ် သိလိုစိတ် ပြင်းပြသူနဲ့ စာအုပ်ကို အဆုံးထိ ဖတ်ရမှ ကျေနပ်မှု့ကို ခံစားရတဲ့ လူတစ်ချို့ အတွက်သာ ဖြစ်တယ်။ ✨
✨ သို့သော် ပေးထားတဲ့ ဥပမာတွေကြောင့် ကိုယ် မှတ်တတ်ရင် မှတ်တတ်သလောက် ပညာတွေ ရမယ်၊ စိတ်ခွန်အား တွေ ပြည့်မယ် အစရှိသဖြင့်ပေါ့။ ✨
✨ Mable ဖတ်နေရင်းနဲ့ နှစ်သက်တဲ့ အရေးအသားတွေ အများကြီး တွေ့ပေမယ့် review အရမ်းကြီး ရှည်သွားမှာစိုးလို့ အချို့ကို ကောက်နှုတ်ပြပါမယ်။ ✨
✨ အဓိက ကတော့ ငွေနဲ့ ပတ်သက်တဲ့ စိတ်နေစိတ်ထား၊ အတွေးအခေါ် အချို့ကို မီးမောင်းထိုးပြပေးထားတာမို့ စီးပွားရေး စ လုပ်မယ်ဆိုတဲ့သူတွေ အတွက်ရော၊ လုပ်နေဆဲ လူတွေ အတွက်ပါ အကျိုး မနည်းစေမယ့် စာအုပ် တစ်အုပ်ပါ။ ✨
✨ ကောက်နှုတ်ချက်လေးတွေကတော့ အခု ဆက်ရေးပေးပါမယ်ရှင်။ ✨
⬛ "အောင်မြင်မှုအားလုံး လိုလိုဟာ အလုပ်ကို ပြင်းပြင်းထန်ထန် ကြိုးစားလို့ မဟုတ်ပါဘူး။ ဆင်းရဲမွဲတေမှုနဲ့ ကျရှုံးမှု အားလုံးဟာလည်း အပျင်းထူခဲ့ကြလို့ မဟုတ်ပါဘူး။ တခြားလူတွေအပေါ်ဖြစ်စေ ကိုယ့်ကိုယ်ကိုယ်အပေါ် ဖြစ်စေ ဝေဖန်သုံးသပ်ဖြစ်တဲ့အခါ အဲဒါလေးကိုတော့ စိတ်ထဲမှာ အမြဲ အမှတ်ရနေပါ ငါ့သား" ⬛
⬛ လုံလောက်တယ်ဆိုတဲ့ ခံစားချက်မျိုး မရှိပါက ဘဝဟာ ပျော်စရာ မကောင်းတော့ပါဘူး။ ဒါကြောင့်မို့လို့ ကြိုးစားမှု ရလဒ်ထဲက မျှော်လင့်ချက်ကို နုတ်ခြင်းရဲ့ ရလဒ်ဟာ ပျော်ရွှင်ခြင်းပါ။ (ကြိုးစားမှုရလဒ် - မျှော်လင့်ချက် = ပျော်ရွှင်ခြင်း ) ⬛
⬛ "ရေခဲလွှာများကို ဖြစ်ပေါ်စေဖို့ နှင်းပမာဏက အရေးမပါသော်လည်း ကြာရှည်တည်ရှိနေတဲ့ နှင်းအနည်းငယ်ကသာ အဓိက ဖြစ်ပါတယ်" လို့ ဘူမိဗေဒ ပညာရှင် Gwen Schultz က ပြောပြခဲ့ပါတယ်။
ကြီးမားသော ရလဒ်များ ဖန်တီးရန် ကြီးမားသော အင်အား မလိုအပ်ဘူး ဆိုတာ ရေခဲခေတ်က သက်သေပါ။ ⬛
⬛ လွတ်လပ်မှုဟာ ကျွန်တော်တို့ရဲ့ ထိပ်တန်း ရည်မှန်းချက် ပန်းတိုင်ပါ။ သင်တကယ် တတ်နိုင်တာထက် နိမ့်ပါးအောင်နေတဲ့ လူနေမှုပုံစံကို ထိန်းသိမ်းခြင်းရဲ့ ဒုတိယ အကျိုးကျေးဇူးမှာ ဂုဏ်တုဂုဏ်ပြိုင်ကို ရှောင်ကြဉ်နိုင်ခြင်းပါပဲ။ ⬛
⬛ စစ်မှန်တဲ့ အောင်မြင်မှုဆိုတာ စိတ်ငြိမ်သက်မှုအတွက် လူတစ်ဦးရဲ့ လုပ်ဆောင်မှုများကို ပြုပြင်ပြောင်းလဲရန် အဓိပ္ပာယ်မရှိတဲ့ ပြိုင်ပွဲ အချို့မှ ထွက်သွားခြင်းပါ။ ⬛
ဒါတွေကတော့ ဒီစာအုပ်ထဲမှ နှစ်သက်ရတဲ့ စာသား‌လေးတွေပါ။
ဒီ review လေးက စာဖတ်ချစ်သူလေးတွေ အတွက် အနည်းငယ်ဖြစ်ဖြစ် အထောက်အကူပြုလိမ့်မယ်လို့ မျှော်လင့်ပါတယ်ရှင်။ ✨
#crd

image