"ဘုရားရှင်ဟောကြားတော်မူခဲ့သော အဝတ်၊သင်္ကန်းလှူဒါန်းခြင်း အကျိုးတရားများ"
ဗုဒ္ဓမြတ်စွာဟောကြားခဲ့တဲ့ အလှူတွေထဲမှာမှ ဆွမ်းအလှူနဲ့ မွန်မြတ်လှတဲ့ ရေအလှူတို့ကို ရေးသားညွှန်းဆိုပြီးတဲ့နောက် မိမိရဲ့ စိတ်သဒ္ဒါအဟုန်တို့နဲ့အတူ လှုဒါန်းမှု ပြုလုပ်ကြတဲ့အခါ အကျိုးကျေးဇူးမြောက်မြားစွာရရှိနိုင်စေတဲ့ သင်္ကန်းအလှုကိုလဲ ဆက်လက်ဝေမျှပေးလိုက်ရပါတယ်။
အဝတ်သင်္ကန်းလှူရခြင်းအကျိုး (၈) မျိုးရှိပြီး တစ်ခုနှင့်တစ်ခုမတူညီပဲ အကျိုးပေးပုံ များကို အခုလိုတင်ပြပေးလိုက်ရကြောင်းပါ။
၁။ ဖြစ်လေရာ ဘုံဘဝတို့၌ ရွှေနှင့်တူသော
အဆင်းရှိခြင်း။
၂။ အညစ်အကြေး ကင်းစင်ခြင်း။
၃။ ကိုယ်ရောင် ထွက်ခြင်း။
၄။ နူးညံ့ပျော့ပျောင်းသောကိုယ် ရှိခြင်း။
၅။ ဦးခေါင်းထက်၌ အရောင်အမျိုးမျိုးရှိသော ပုဆိုးပေါင်းတစ်သိန်းတို့ မိုးကာခြင်း။
၆။ ပိုးထည်၊ ကမ္ဗလာထည်၊ ဖဲထည်၊ ဝါထည် အဝတ်ပုဆိုးတို့ကို အလိုရှိသမျှ ရနိုင်ခြင်း။
၇။ မဟာလတာတန်ဆာကို ဝတ်ဆင်ရခြင်း။
၈။ ဧဟိဘိက္ခု ခေါ်ခံရခြင်း။
အလှူဆိုတာ ကောင်းမှု ကိုရည်ညွှန်းကာ မိမိရဲ့ သဒ္ဒါစိတ်က နောက်ကကပ်ပါမှ အလှူအထမြောက်ပါတယ်။ဒါကြောင့် အလှူဒါနပြုတဲ့အခါတိုင်းသဒ္ဒါစိတ်ဆိုတဲ့ သူတော်ကောင်းတရားကို လက်ကိုင်ထားနိုင်ကာ အလှူဒါနများပြုလုပ်နိုင်ကြစေဖို့ ရည်ရွယ်ကာ လမ်းညွှန်ဆော်ဩလိုက်ရပါတယ်ခင်ဗျာ။
#ဓမ္မဒါန
#frankiestories