Social Media မှာ ချပြတာတွေ ၊ မြင်နေရတာတွေ ထပ် တကယ့် ဘဝတွေဟာ ရင်နာစရာကောင်းကြောင်း
ငယ်ရွယ်မသိနားမလည်ခင်မှာ ညီမလေးက အချစ်ကို ကိုးကွယ်သလားကြောင့်
ဘဝ နာခဲ့ရတဲ့ အကြောင်း
ကျားကြောက်လို့ ရှင်ကြီးကိုး ရှင်ကြီးကျားထက်ဆိုးတဲ့ အပြင် ရေနစ်သူ ဝါးကူထိုးတတ်တဲ့ ယောက်ျားမျိုးကြောင့် ဘဝ တစ်လျှောက်လုံး physical abuse၊ mental abuse ကို ခါးစည်း ပြီး နေခဲ့ရကြောင်း
ဒါတွေဟာ မာလာရီ ဘဝရဲ့ အမှောင်မိုက်ဆုံး တွေပါ
သို့သော် ဒီလောက် အမှောင်တွင်းထဲ ကျနေရက်နဲ့ပင်
တစ်ခေတ်မှာ တစ်ယောက်ဟု တင်စားရလောက်တဲ့ထိ အောင်မြင်အောင် ကြိုးစားနိုင်ခဲ့ကြောင်း
၅ နှစ်သမီး အရွယ် မှ စ၍ မွေးရာပါ အနုပညာ ပါရမီ ထူးထူးခြားခြား ပါသည့် အပြင် ဇွဲ၊ လုံ့ လ၊ ဝီရိယ တို့နှင့် မဆုတ်မနစ် ကြိုးစားမှု့ကြောင့် လူတကာ ပါးစပ်ဖျားတင် မက ပညာရှင်တို့ရဲ့ ရင်ထဲထိပါ ရောက်ရှိ ကျော်ကြားခဲ့တဲ့ အကြောင်း
Domestic abuse ကို ရင်ဆိုင်ကြုံတွေ့နေလျက်နှင့်ပင် အလုပ်နှင့် ကိုယ်ရေးကိုယ်တာကို လုံးဝ မနှောပဲ ပညာရှင် ပီသစွာ ခံစားချက်တွေ အားလုံး အပေါ် အနိုင်ယူနိုင်ခဲ့တဲ့ အကြောင်း
တော်လေ၊ တတ်လေ၊ အောင်မြင်လေ၊ ပိုနှိမ့်ချတတ်လာလေဆိုတဲ့ သူမ ရဲ့ ဘယ်တုန်းကမှ တရားမမေ့ခဲ့တဲ့ အကြောင်း
ဥပေက္ခာ၊ မေတ္တာ၊ အကြင်နာ ဆိုတဲ့ အရာတွေကို နားလည်ရုံတင်မက လက်တွေ့ ကျင့်သုံး နှလုံးသွင်းနိုင်ခဲ့တဲ့ သူမ အကြောင်း
မိခင် ကို ဘုရားသဖွယ် ရိုသေမြတ်နိုး လေးစားချစ်ခင်ပြီး ဦးခေါင်းထိပ်တင် ပြုစုစောင့်ရှောက် ပေးခဲ့တဲ့ သူမ အကြောင်း
နောက်ဆုံး မဟုတ်ပေမယ့် နောက်တစ်ခု ထပ်ချီးကျူးချင်တာက သူမတူတဲ့ သူမရဲ့ သည်းခံနိုင်စွမ်း၊ မေတ္တာ ပေးနိုင်စွမ်း တွေပါပဲ
ဒီစာအုပ်ကို ဖတ်ရင် ရမှာတွေက စာဖတ်သူနဲ့ပဲ ဆိုင်မယ်
သူမဟာ အခါခါ ပြိုကျ ပြီး သုည ဘဝ ရောက်ခဲ့တိုင်း ဘယ်တုန်းကမှ လက်လျော့ခဲ့ခြင်း မရှိ အကောင်းဆုံး ဆိုတာတွေပဲ ရအောင်ထိ ကြိုးစားခဲ့တာတွေကြောင့် inspiration နဲ့ motivation ယူဖို့ စံပြ ပုဂ္ဂိုလ် တစ်ယောက် ဖြစ်တယ်
ရင်ထဲ နှလုံးသားထဲ ထိ ကိန်းအောင်းနေတဲ့ အမေရဲ့ ဆုံးမစကားတွေနဲ့ တရားတွေကြောင့် သူ့စိတ် အေးငြိမ်မှု့ဟာလည်း သူမတူ ထူးခြားလွန်းတာကြောင့် အံ့သြမှင်သက်ဖွယ် ဖြစ်တယ်
သံဝေရ အဖြစ် ယူမယ်ဆိုရင်လည်း အမှောင်မိုက်ဆုံး အနာကျင်ရဆုံး အပိုင်းတွေ တစ်ပုံကြီး ကို မှ တစ်ပုံကြီးပါကွယ်
ကိုယ်တော့ ဖတ်နေရင်း စာအုပ် အလယ် အကျော်မှာ ရင်တွေ ပူပြီး မွန်းကြပ်လာလွန်းလို့
ဖတ်လက်စ စာအုပ်ဘေးချ ဖုန်းကောက်ကိုင်ပြီး google မှာ သူ့ယောက်ျား မျက်နှာကြီး တက်ရှာမိတဲ့ အထိပါပဲ
ကိုယ်သာဆိုရင် ဆိုတဲ့ _ _ ချင်စိတ်တွေ တဖွားဖွား မှ တဖွားဖွားပဲ
domestic violence ကြောင့် သူမ ဘဝ ကို အရှုံးပေးချင် ခဲ့ပေမယ့် သူမကို ပြန်လည်ရှင်သန် အောင်မြင်စေခဲ့တာကလည်း သူမ သိပ်တန်ဖိုးထား၊ မြတ်နိုးရတဲ့ အနုပညာပဲလေ
ဒါကြောင့် အမြဲ ကြားနေကျ စကားတစ်ခွန်း ဖြစ်သလို Mable ကိုယ်တိုင် ကျင့်သုံးနေတာလည်း ဒါပဲ " ကိုယ် ဝါသနာ ပါရာကို လုပ်" ၊ ကိုယ့်ရဲ့ Passion က ကိုယ့်ရဲ့ လွတ်မြောက်ရာ၊ အေးချမ်းရာ နေရာပဲ
ကိုယ့်ရဲ့ ဘဝ သေသွားသလို ခံစားရရင် ကိုယ် ဘာဖြစ်ချင်နေလဲ၊ ကိုယ်ဘာ ဝါသနာ ပါလဲသာ အရင်တွေ့အောင် အဖြေရှာ
ဒါတွေ့ရင် မင်း လွတ်မြောက်ရာလမ်း အမှန် တွေ့ပြီပဲ မှတ်လိုက်
မင်း ပြန်ရှင်သန်ပြီလို့သာ တထစ်ချ ယုံကြည်လိုက်ပဲ
မာလာရီ ဘဝလည်း ဒီလိုနဲ့ ပြန်ရှင်သန်ခဲ့တာ
ဒီတော့ ညွှန်းတာတွေ လည်း သိပ်များပြီ
အထက်ပါ အကြောင်းအရာ တွေဟာ ဖန်တီးထားတာမျိုး မဟုတ်ပဲ တကယ့် ဘဝစစ် ကို
ဖတ်ရမှာမို့ မင်း ရမှာတွေက တကယ် အကျိုးရှိမယ်
ဆိုတော့ တစ်စုံတစ်ယောက်ရဲ့ ဘဝ အစစ်အမှန်ထဲကို ဝင်ခံစားလိုရင် မာလာရီ ကို
ဘေးမှာ ကော်ဖီလေး တစ်ခွက်ချပြီး ခံစားကြည့်ပါ
မာလာရီ ရဲ့ အစစ်အမှန်တွေ ကိုသာမက ဂျာနယ်ကျော် မမလေးရဲ့ လက်ရာကိုပါ လေ့လာမှတ်သားခွင့် ရမယ် ...
မေတ္တာဖြင့်
Mable
11/04/2023 (Tue)
3:15 p.m
#crd