5 w - Translate

သီတင်းကျွတ်အပြီးဗဟိုဘဏ်မှ နိုင်ငံခြားငွေများ ဆက်တိုက်ထုတ်ရောင်းပေးနေ

ဗဟိုဘဏ်အနေဖြင့် သီတင်းကျွတ်ရုံးပိတ်ရက်ကာလအပြီး FX Online Trading Platform မှတဆင့် နိုင်ငံခြားငွေများကို ဆက်တိုက်ထုတ်ရောင်းပေးခဲ့ကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ထုတ်ပြန်ထားသည့် စာရင်းများအရ သိရသည်။

အောက်တိုဘာ (၂၃) ရက်တွင် ထိုင်းဘတ် (၁၆) သန်းနှင့် ဒေါ်လာ (၂) သန်းခွဲကျော် ထပ်မံထုတ်ရောင်းပေးခဲ့ရာပိတ်ရက်အပြီး နိုင်ငံခြားငွေများ (၄)ရက်ဆက်တိုက် ထုတ်ရောင်းပေးခဲ့ခြင်းဖြစ်သည်။

ဗဟိုဘဏ်အနေဖြင့် အောက်တိုဘာ (၂၀) ရက်တွင် စက်သုံးဆီနှင့် စားသုံးဆီလုပ်ငန်းရှင်များအတွက် ဒေါ်လာ (၃၅) သန်း၊ အောက်တိုဘာာ (၂၁) ရက်တွင် ဒေါ်လာ (၂) သန်းကျော်နှင့် တရုတ်ယွမ် (၁) သန်းခွဲ၊ အောက်တိုဘာ (၂၂)ရက်တွင် ဒေါ်လာ (၇) သန်းခွဲကျော်နှင့် ထိုင်းဘတ်သန်း (၁၅၀) နီးပါး၊ အောက်တိုဘာ (၂၃) ရက် (ယမန်နေ့) တွင် ဒေါ်လာ (၂)သန်းခွဲကျော်နှင့် ထိုင်းဘတ် (၁၆) သန်းဖြင့် (၄)ရက်ဆက်တိုက် ထုတ်ရောင်းပေးခဲ့ကြောင်း စာရင်းများအရ သိရသည်။

ဩဂုတ်လ (၁) ရက်မှ အောက်တိုဘာ (၂၃) ရက်အထိ နှစ်လခွဲကျော်တွင် ဒေါ်လာ (၃၉၅) သန်းခွဲ၊ ထိုင်းဘတ် (၇၃၄) သန်း၊ တရုတ်ယွမ် (၃၂)သန်းခွဲခန့် ထုတ်ရောင်းပေးခဲ့ပြီးဖြစ် ကြောင်း သိရသည်။