Oct 24 ရက်နေ့ နေ့ခင်း နိုင်ငံခြားငွေဈေးအခြေအနေ ⬆️

အောက်တိုဘာလအစထဲက နိုင်ငံခြားငွေဈေး ရွှေဈေးတွေဟာ ကျလိုက် ငြိမ်လိုက် ထပ်ကျလိုက် ငြိမ်လိုက်နဲ့ သွားနေရာကနေ ပြီးခဲ့တဲ့ ၂၂ရက်နေ့ (အင်္ဂါနေ့) ထဲကစ ပြန်လည်မြင့်တက်လာတဲ့ နိုင်ငံခြား ငွေဈေး ရွှေဈေး ဒီနေ့ထိ ဆက်လက်မြင့်တက်နေဆဲ တက်ရှိန်ကောင်းနေဆဲဖြစ်ပါတယ်

အခု ၂၄ ရက်နေ့ နေ့လယ်ခင်းမှာဆိုရင်

USD 4630 - 4730 ဝန်းကျင်ထိ မြင့်တက်လာပါတယ်

Euro 5000 ကို ပြန်လည်ကျော်လွန်သွားပါတယ်

SGD 3450 - 3550 ဝန်းကျင်ထိ မြင့်တက်လာပါတယ်

ထိုင်းဘတ် 135 - 139/140 ဝန်းကျင်ထိ ပြန်လည်မြင့်တက်လာပါတယ်

တရုတ်ယွမ် 640 - 660 ဝန်းကျင်ထိ ပြန်လည်မြင့်တက်လာပါတယ်

စတာလင်ပေါင် 6000 ကျော်သို့ ပြန်လည်ရောက်ရှိနေပါတယ်

ရွှေကတော့ 67 သိန်း ပတ်ချာလည်ထိ မြင့်တက်နေပါတယ်

#centralnewsnaypyitaw

image