မာလာမောက်ချိုက်နဲ့ BBQ အကင်တွေအစုံရတဲ့ သံသုမာလမ်းမကြီးပေါ်က လိမ္မော်ရောင် ဆိုင်လှလှလေး 🌶️🍜
ဒီဆိုင်လေးကတော့ Yuli caption မှာရေးထားသလိုဘဲ မောက်ချိုက်နဲ့ BBQအကင်လေးတွေအစုံရတဲ့ဆိုင်လေးပေါ့ ၊ Yuli ဆိုင်ရှေ့လေးက ခနခနဖြတ်သွားဖြစ်ပေမယ့် စားမယ်လုပ်လိုက် ဆိုင်လေးကကျော်သွားလိုက်နဲ့ မစားဖြစ်နေတာပေါ့နော် ၊ ဒီတစ်ပတ် ပိတ်ရက်လေးမှာတော့ သူငယ်ချင်းတွေနဲ့တူတူ သွားစားခဲ့လိုက်ပြီ 🤭
Yuli ဒီဆိုင်လေးကို သဘောကျတာကလေ ဆိုင်ထဲဝင်လိုက်တာနဲ့ အေးနေတာလေးကိုတော့ သဘောကျတယ်ရှင့် ဘာလို့ဆို မောက်ချိုက်ပူပူစပ်စပ်စားတဲ့ခါ တော်တော်လေးအဆင်ပြေလို့ပေါ့နော် 🥰
ဒီဆိုင်လေးမှာ ဘာလေးတွေရလဲဆိုရင် ရွေးချယ်စရာအနေနဲ့က မာလာမောက်ချိုက် ၊ မာလာထန်ထန်ဆိုတဲ့ မာလာသုပ်လေးရယ် ၊ အကင်တွေရယ်နဲ့ အအီပြေအနေနဲ့ Drink menu လေးတွေလဲရပါတယ် 💁🏻♀️
Yuli တို့ သူငယ်ချင်းတွေ ဘာလေးတွေစားခဲ့လဲဆိုရင် အဖွဲ့လိုက်သွားစားခဲ့တာမို့ နည်းနည်းစုံစုံလေး စားခဲ့လိုက်တယ်ရှင့် ။ အဓိကစားခဲ့တာကတော့ မာလာမောက်ချိုက်နဲ့ အကင်လေးပေါ့နော် ၊ ပြီးတော့ မာလာထန်ထန်လေးတွေ့တာနဲ့ မာလာထန်ထန်လေးလဲ စမ်းပြီးစားကြည့်ခဲ့လိုက်တယ် မေးကြည့်တော့ ဆိုင်ရဲ့ menu အသစ်လေးလို့ပြောတယ်ရှင့် ၊ ပြီးတော့ အအီပြေအနေနဲ့ Drink menu လေးတွေသောက်ခဲ့လိုက်တယ်ရှင့် 🍹
ရွေးချယ်စရာအနေနဲ့ကလေ မောက်ချိုက်ဆိုရင် အသားလုံးအသားချောင်းနဲ့ အရွက်တွေကိုက ကြိုက်ရာရွေးပြီး Gram(ဂရမ်) နဲ့လဲ ချိန်လို့ရသလို ၊ အကယ်၍ မရွေးဘဲနဲ့ set menu လေးတွေယူလို့လဲရတယ်နော် 🤩
မောက်ချိုက်နဲ့ မာလာထန်ထန်အတွက်က အထုံအစပ်ကို ကိုယ်ကြိုက်သလို level လေးရွေးလို့ရတယ်ရှင့် , yuli တို့ကတော့ အထုံအစပ်လေးစားချင်လို့ level 2 လေး ရွေးခဲ့လိုက်တယ် ၊ အကင်တွေအနေနဲ့ကလေ ဒီဆိုင်ကအရသာလေးတွေက တော်တော်လေးကောင်းတယ်ပြောရမယ် ။ Yuli ကဒီဆိုင်မှာ အကြိုက်ဆုံးကို ပြောပါဆိုရင် အကင်ကိုတော့ အကြိုက်ဆုံးဘဲ 🙆🏻♀️
ဆိုင်လေးက တစ်ဆိုင်လုံးကို လိမ္မော်ရောင် Vibe လေးလုပ်ထားပြီးတော့ ဝိုင်းလေးတွေအနေနဲ့က အထဲမှာ Aircon ဝိုင်းလေးတွေလဲရှိသလို ၊ ညနေခင်းသူငယ်ချင်းတွေအေးဆေးထိုင်ချင်တယ်ဆိုရင်တော့ အပြင်ဘက် အပင်အောက်က ဝိုင်းလေးမှာအေးဆေးထိုင်လို့ရတယ်နော် 🍜
ဒီဆိုင်လေးကို သဘောကျလို့ သွားမယ်ဆိုရင်တော့
ဆိုင်နာမည်လေးက - Po Tay Toe Mao Cai and BBQ
ဆိုင်ဖွင့်ချိန်လေးကတော့ - မနက် ၁၁ ကနေ ည ၉ ခွဲထိပါ
ဆိုင်ဖုန်းလေးက - 09757586337 , 09760816895
ဆိုင်လိပ်စာလေးက - အမှတ်(T-9)သံသုမာလမ်းမကြီးပေါ်၊ သစ်စက်မှတ်တိုင်ရှေ့၊ ကြီးပွါးရေးတောင်၊ သင်္ဃန်းကျွန်းမြို့နယ်၊ ရန်ကုန်မြို့ ။
#crd