ဆရာမဂျူးရဲ့ "ကံကြမ္မာကိုမယုံကြည်ကြသူများ" ထဲက roll no. နောက်ဆုံးပိတ်နဲ့ ဆေးကျောင်းရောက်လာတဲ့ ဂျစ်ကန်ကန်နဲ့
"ဇော်ခင်" ကလည်း တကယ့်ကို ဇွဲကောင်းတဲ့ ကောင်လေး👨⚕️
"ဝေဘုန်း" ကို ဘယ်တော့မှ ပြောမှာမဟုတ်တဲ့ ဇင်မီ့ရဲ့ အထူးလျှို့ဝှက်ချက်လေးပေါ့😉
ဝတ္ထုအစအဆုံးဖတ်ပြီး ရူးကြောင်ကြောင်သိချင်တာ ၁ ခုက😆
"ဇော်ခင်" သာ "ဇင်မီ" သူ့ကို crush နေမှန်းသိခဲ့ရင် "သင်သင်ခိုင်" ကို ချစ်လိမ့်ဦးမလား🤔
ချစ်ပြီးမှ သိပြီပဲဆိုပါစို့❗
အချစ်က အားနာတာတွေ သနားတာတွေနဲ့ လုပ်ယူလို့မရဘူးဆိုပြီး နှစ်တွေအကြာကြီး "သင်သင်ခိုင်" ကိုပဲ ဇွဲကောင်းကောင်းနဲ့ တစိုက်မတ်မတ်စောင့်ပြီး ချစ်ပါဦးမလား❓ ဒါမှမဟုတ်
နောက်ပြန်လှည့်ပြီး ဇင်မီ့ကိုပဲ ပြန်ချစ်မလားပေါ့❓
ဆရာမဂျူးရဲ့ "ဇော်ခင် " အပေါ် အသက်သွင်းဖန်တီးထားပုံကို တကယ်သဘောကျမိတယ်။
စာဖတ်သူအနေနဲ့ ခံစားမိတဲ့အပေါ်ပြန်လည်မျှဝေထားရုံမို့ အမှားတွေပါခဲ့ရင် အပြစ်တော်မမြင်ဘဲ အချစ်တော်ဝင်ပေးကြပါဦးရှင် 😘
#crd_mhymm
#ကံကြမ္မာကိုမယုံကြည်ကြသူများ
#ဂျူး
#bookreview
#character
#plot
