20 w - Translate

အမေရိကန်တွင် ဘာစီလိုနာ-အက်သလက်တီကိုပွဲ ကစားခွင့်ရရန် လာလီဂါမျှော်လင့်
---------------------
လာလီဂါဘောလုံးအဖွဲ့ချုပ်ဟာ ဘာစီလိုနာအသင်းနဲ့ အက်သလက်တီကိုအသင်းတို့ ကစားကြမယ့် လာလီဂါ ပွဲစဉ်ကို အမေရိကန်နိုင်ငံ၊ မိုင်ယာမီမြို့မှာ ကစားခွင့်ရဖို့အတွက် မျှော်လင့်နေတယ်လို့ သိရပါတယ်။ ဒီအဆိုကို လာလီဂါဘောလုံးအဖွဲ့ချုပ်က ဖီဖာကို တင်သွင်းထားတာဖြစ်ပြီး ခွင့်ပြုပေးသွားမယ်လို့ မျှော်လင့်နေခဲ့တာပါ။

ဖီဖာက ဘာစီလိုနာအသင်းနဲ့ အက်သလက်တီကိုအသင်းတို့ရဲ့ လာလီဂါပွဲစဉ်ကို အမေရိကန်နိုင်ငံမှာ ကစားခွင့် ပေးဖို့အတွက် လာလီဂါဘောလုံးအဖွဲ့ချုပ်ရဲ့ တောင်းဆိုမှုအပေါ် မကြာခင်မှာ အပြီးသတ်ဆုံးဖြတ်ချက် ချသွားမယ် လို့လည်း သတင်းတွေရဲ့ဖော်ပြချက်အရ သိရပါတယ်။

တကယ်လို့ ဖီဖာက တောင်းဆိုမှုအပေါ် ခွင့်ပြုခဲ့မယ်ဆိုရင် ဘာစီလိုနာအသင်းနဲ့ အက်သလက်တီကိုအသင်းတို့ရဲ့ ပွဲစဉ်က အမေရိကန်နိုင်ငံမှာ ပထမဆုံးအကြိမ် ကစားမယ့် လာလီဂါပွဲစဉ်လည်း ဖြစ်လာမှာဖြစ်ပါတယ်။ ဘာစီလို နာအသင်းနဲ့ အက်သလက်တီကိုအသင်းတို့ဟာ လာမယ့် ဒီဇင်ဘာလ(၂၂)ရက်နေ့မှာ ကစားသွားကြရမှာလည်း ဖြစ်ပါတယ်။

image