@Man Sitt Eain @Tom Cat Siren
ရန်ကုန်နဲ့မနီးမဝေး
သဘာဝနှင့်ထိတွေ့ခြင်း🍀
ရန်ကုန်(ပဲခူး)လမ်းမပေါ်က
သီးသန့်ကမ္ဘာငယ်လေးဆီသို့☘️
ပိတ်ရက်လေးမှာ ခရီးလည်းသွားချင်တယ် တစ်ညအိပ်လောက်ပဲသွားချင်တယ် ရန်ကုန်မြို့နဲ့နီးနီးနားနားဒီနေရာလေးသွားကြည့်နော်☘️
``Breeze garden´´ လို့ခေါ်တဲ့ဒီနေရာလေးမှာ သဘာဝ အလှတရားကိုကြိုက်နှစ်သက်တဲ့သူတွေ Trekking ပြုလုပ်ရတာကြိုက်တဲ့သူတွေမိသားစုနဲ့အေးဆေးလာချင်တဲ့သူတွေသူငယ်ချင်းတွေစုပြီးလာချင်တဲ့သူတွေအတွက်အရမ်းအဆင်ပြေတဲ့နေရာလေးတနေရာ🍀
🍀သစ်ပင်ဝါးရိပ်လေးတွေ သစ်ပင်စိမ်းစိမ်းစိုစို တောအုပ်အုပ်ဆိုင်းဆိုင်းနဲ့ရှိတဲ့နေရာလေး
``Breeze Garden´´မှာ
အစကတည်းက Jungle Vibes လေးရယ် Trekking & Camping Vibes လေးရယ် သူ့ဟာနဲ့သူမိုက်ပြီးသားကိုမှ IG Spots အသစ်တွေပါ ထပ်ထည့်လိုက်တော့ တနေရာတည်းမှာတင် ဘာမှထပ်မလိုတော့အောင်အခုဆိုပြည့်စုံနေပြီဖြစ်တဲ့ Breeze Garden🍀
🏞️ပုံထဲကနေရာလေးတွေကတော့ ရောက်ဖူးပြီးသားလူက သိလောက်ပေမယ့် အခုမှလာမယ့်လူတွေအတွက်လည်း ဝင်လာတာနဲ့မြင်သာအောင် ရောက်တာနဲ့ ခဏနားပြီး Reception အနောက်လေးဝင်သွားတာနဲ့ရောက်ပါပြီ
တန်ဆောင်တိုင် အမှီလေး ချစ်ကြည်နူးတစ်တီတူးဖို့ အကြံပြုချင်သလို၊ ပိတ်ရက်လေးတွေမှာလည်း ခရီးသွားမယ်ဆိုတိုင်း ရန်ဖြစ်ကြတဲ့ ဘော်ဒါတွေစုပြီး ရန်ကုန်နားပဲလာခဲ့လိုက်ကြပါတော့နော်😁
🚐Breeze garden Addes
ရန်ကုန်ဘက်က လာမယ်ဆိုရင်တော့ (၁၀) မိုင်ကုန်း၊ ဘူးလယ်အင်းရွာ (အင်းတကော်အကျော်) ဓမ္မဒူတ တက္ကသိုလ်ရှေ့လမ်းက "Breeze garden " ဆိုတဲ့ ဆိုင်းဘုတ်အတိုင်း ဝင်လာလို့ရပါတယ်
🚗ပဲခူးဘက်က လာရင်
ဟန်သာဂေါက်ကွင်း အကျော်၊
ဓမ္မဒူတ မုဒ်ဦးလမ်းထဲတည့်တည့်ဝင်ပြီး ဓမ္မဒူတ တက္ကသိုလ်ရှေ့လမ်းက " Breeze Garden " ဆိုတဲ့
ဆိုင်းဘုတ်အတိုင်း ဝင်လာလို့ရပါတယ်
🚗Bus ကားနဲ့ Budget Trip လေး လာမယ်ဆိုရင်တော့ ဓမ္မဒူတ တက္ကသိုလ် (သို့) ဆယ်မိုင်ကုန်းဆင်း ခြံတရာလည်ပေါက်ဂိတ်လို့လည်းသိကြပါတယ်ဗျ။
အဲ့မှာ ဆင်းပြီးတည့်တည့် ဝင်လာလို့ရပါတယ်
🚗ရန်ကုန်မြို့ထဲကနေ ထောက်ကြန့်လမ်းဆုံရောက်တဲ့ YBSကားကိုစီးပါ ပြီးရင်ထောက်ကြန့်လမ်းဆုံမှာဆင်းပါ အဲ့ကနေမှ ပဲခူးသွားတဲ့ကားစီးပြီး ဓမ္မဒူတတောရ (ဆယ်မိုင်ကုန်း) မှတ်တိုင်မှာဆင်းပါ ပြီးတော့ ဆိုင်ကယ် ကယ်ရီငှားပြီး Breeze Gardenကိုလာလို့ရပါတယ် 🍀
Brezze Garden
ဆက်သွယ်ရန်ဖုန်းနံပါတ်
☎️09891187124
Tom Cat
Delete Comment
Are you sure that you want to delete this comment ?