ဘဝကို အကြည်ဓာတ်အပြည့်နဲ့ ဖြတ်သန်းချင်ရင်
လူတိုင်းကို ပြင်ပေးချင်တဲ့ စိတ်ဖျောက်။​
လူတိုင်းကို စိတ်ကျေနပ်စေချင်တဲ့စိတ်ဖျောက်။

စတိဂျော့ပြောသလို လူတိုင်းကိုပျော်စေချင်ရင်
ice-cream ရောင်းတဲ့။

လူတိုင်းကိုယ့်ကို သဘောကျမှာမဟုတ်ဘူး။​
ကိုယ့်ဘယ်လောက် လုပ်ပေးလုပ်ပေး
လူတိုင်း ကိုယ့်ကို appreciate လုပ်မှာ မဟုတ်ဘူး။
ကျေးဇူးတင်တတ်မှာ မဟုတ်ဘူး။

ဒါကြောင့် ဘဝမှာ
လမ်းချင်းတူရင် လူချင်းတွေ့လိမ့်မယ်လို့ပဲ
အမြဲ ခံယူထားတယ်။

လူတွေကို ပြင်လဲ မပေးချင်ဘူး။
ကိုယ့်ကိုယ်ကိုတောင်
တော်တော်ပြင်ယူနေရတာ။
လူတိုင်းကိုလဲ​ စိတ်ကျေနပ်အောင်
အရမ်းကြိုးစားမနေတော့ဘူး။

ဘဝမှာ ကိုယ့်ကိုယ်ကို တန်ဖိုးတစ်ခုထားတဲ့အခါ
ကိုယ့်ကို ကိုယ့်လို တန်ဖိုးထားတဲ့သူတွေနဲ့ပဲ
တွေ့ချင်တော့တယ်။

အမြဲခံယူထားတာ ကိုယ်နဲ့သိလို့
မနစ်နာသွားစေရဘူး။

Phyo Paing @ Derek
#drphyopaing