27 w - Translate

တရုတ်မှာ ၇၂ စက္ကန့်အတွင်း 90GB ဖိုင်ကို Download လုပ်နိုင်တဲ့ ကမ္ဘာ့ ပထမဆုံး 10 Gigabit အမြန်နှုန်းကို သရုပ်ပြ
============================================================

အင်တာနက် အမြန်နှုန်းဟာ နိုင်ငံ စီးပွားရေးနဲ့ တိုက်ရိုက် သက်ဆိုင်နေတယ်ဆိုတဲ့ အယူအဆတွေ ထွက်ပေါ်နေတာ နှစ်များစွာ ကြာပါပြီ။ အဲဒါကြောင့် ကမ္ဘာ့ နိုင်ငံများစွာဟာ အမြန်ဆုံး အင်တာနက်ကို ရအောင် အပြိုင်အဆိုင် ကြိုးစား တီထွင်နေကြပါတယ်။

အခုတော့ တရုတ် နိုင်ငံ ရှန်ဟိုင်းမှာ ကမ္ဘာ့ ပထမဆုံး 10G Cloud Broadband ကို သရုပ်ပြသလိုက်ပြီး 50G-PON နည်းပညာကို အသုံးပြုထားပါတယ်။ China Telecom Shanghai ကုမ္ပဏီနဲ့ Yangpu ခရိုင် အစိုးရတို့ ပူးပေါင်းကာ ဒီစီမံကိန်းကို အကောင်အထည်ဖော်လိုက်တာ ဖြစ်ပါတယ်။

အဲဒီ အင်တာနက် အမြန်နှုန်းက ၇၂ စက္ကန့်အတွင်း 90GB အရွယ်အစားရှိတဲ့ ၂ နာရီကြာ 8K ရုပ်ရှင်ကို Download လုပ်နိုင်ပါတယ်။ ဒါဟာ တော်တော် မိုက်တဲ့အမြန်နှုန်း ဖြစ်ပါတယ်။ အဲဒီ နည်းပညာဟာ လူသားတွေကို များစွာ အကျိုးပြုစေမှာ ဖြစ်ပြီး Live Stream ပွဲတွေကို အထစ်အငေါ့မရှိကြည့်နိုင်မှာ ဖြစ်သလို 3D Display တွေကို ကြည့်ရှုခံစားနိုင်မှာပါ။ လူသားတွေရဲ့ ပညာရေး၊ အလုပ်အကိုင်နဲ့ အပန်းဖြေမှု ပုံစံတွေကို တိုးတက်စေမှာ ဖြစ်ပါတယ်။

Ref : theverge
Credit

image