5 w - Translate

စျေးသက်သာပြီး သုံးလို့ကောင်းတဲ့ Skincare များ
(အပိုင်း-၁၄)

နာမည်ရနေတဲ့ brand လေး 'DR+ BANGGIWON ရဲ့ ချွေးပေါက်ကျယ် ဆားဝက်ခြံများတာတွေ သက်သာစေမယ့် Peeling Gel👏

Budget save ဖြစ်ဖို့ ချွေတာလို့ရတဲ့ထဲမှာ exfoliating products တွေပါတယ်လို့ Nyi ပြောခဲ့တယ်နော်။ Exfoliants တွေက တပတ်ကို 1-2ကြိမ်သာသုံးရတာဖြစ်လို့ တဗူးဆိုအကြာကြီးအသုံးခံတဲ့အပြင် ဒီ Dr+ BANGGIWON peeling gel ဆိုရင် တဗူးမှာ 200ml တောင်ပါလို့ တနှစ်လောက်သုံးရပါလိမ့်မယ်။ စျေးနှုန်းအားဖြင့်လဲ တော်တော်လေး affordable ဖြစ်လို့ Nyi တော့ သူ့ quality နဲ့အရမ်းတန်တယ်လို့ မြင်တယ်ပေါ့နော်။

သူက exfoliation အတွက် Cellulose နဲ့ PHA အဓိကသုံးထားတဲ့ peeling gel ပါ။ Peeling gel တွေမှာ တွေ့ရများတဲ့ပုံစံပေါ့နော်။ Cellulose က scrub တွေလိုမျိုး အသားအရေကို abrasion မရစေဘဲ ငြင်သာစွာ physically exfoliate လုပ်ပေးတယ်။ PHA ကတော့ chemical exfoliating acids တွေထဲမှာ အနူးညံ့ဆုံးပုံစံတခုပဲ။ သူက ရေကိုဆွဲတဲ့ humectant အနေနဲ့လဲ လုပ်ဆောင်နိုင်လို့ သူ့ကိုသုံးရင် တချိန်တည်းမှာ အသားအရေကို ချေးချွတ်ပြီးသားလဲဖြစ်မယ်၊ ရေဓာတ်ဖြည့်ရာလဲ ရောက်ပါမယ်။ အဲ့လိုကောင်းတဲ့ ပါဝင်ပစ္စည်းတခုဖြစ်တာကြောင့် PHA က peeling gel တွေမှာ မသုံးမဖြစ်ပါပဲ။

ဒီ peeling gel ရဲ့ texture က ပုံမှာပြထားသလို ကော်ဖီအညိုရောင်မျိုးရှိတယ်။ အနံ့လေးကလဲ အရောင်နဲ့လိုက်ဖက်စွာ ခပ်သင်းသင်းလေးပဲ။ သူ့ texture ထဲမှာ အစေ့တွေ အဆံတွေပါမနေတာကို Nyi သဘောကျပါတယ်။ Skin ပေါ်မှာ သုံးရတာ မကြမ်းတမ်းဘူး မနာကျင်ဘူး။ သုံးပြီးသွားရင် အသားအရေကချောမွတ်ပြီး ချွေးပေါက်တွေသန့်စင်သွားသလို ခံစားရတယ်။ After use မှာ အသားရဲတာစပ်တာ အင်ပြင်အကွက်တွေထတာမျိုး မကြုံရပါဘူး။

Nyi သူ့ကို တပတ် 2ကြိမ်သုံးတဲ့တလျှောက် အမဲစက်တွေပါးပြီး ချွေးပေါက်ကျယ်တာ အသားအရေကြမ်းတာတွေ သက်သာလာတယ်။ Skin tone ညီလာအောင်လဲ ကူညီပေးတယ်။ ဆားဝက်ခြံကို ထိထိရောက်ရောက်သက်သာဖို့အတွက်က Nyi အနေနဲ့အကြံပေးရရင် peeling gel ကို မျက်နှာတပြင်လုံး တပတ်တကြိမ်သုံးရင် နှာခေါင်းတဝိုက်ကို တပတ် 2ကြိမ်သုံးပါနော်။ ကိုယ့်အသားအရေပြဿနာက ဆားဝက်ခြံအဆီဖု ချွေးပေါက်ကျယ် အသားညစ် အသားကြမ်းတာဆိုရင် ဒီ peeling gel လေးက တဗူးဆောင်ထားသင့်တဲ့အရာလို့ Nyi တော့ယူဆပါတယ်။ ဝက်ခြံအတွက်တော့ သူ့ကိုမညွှန်းပါဘူးခင်ဗျာ။

အသုံးပြုနည်းက သူ့ကို ညဘက်ပဲသုံးပေးပါ။ Double cleansing လုပ်ပြီး ရေခြောက်အောင်သုတ်ပြီးတဲ့အခါ မျက်နှာပေါ် peeling gel လိုသလောက်လိမ်းပြီး စက္ကန့်အနည်းငယ်ကြာ စက်ဝိုင်းပုံစံလေး အသာအယာပွတ်ပြီး ရေဆေးချရင် ရပါပြီ။ သုံးပြီးတဲ့အခါ အနည်းဆုံး serum, moisturizer တော့ပြန်လိမ်းရပါမယ်နော်။ နောက်ပြီး sunscreen နေ့တိုင်းလိမ်းနိုင်မှလဲ သူ့ကိုဝယ်သုံးပေးပါဗျ။

စိတ်ဝင်စားလို့ ဝယ်ချင်တယ်ဆိုရင် 200ml တဗူးကို 24000ks နဲ့ 🛒 Dr + Banggiwon Myanmar ကနေ မှာယူနိုင်ပါတယ်ခင်ဗျာ။

Disclaimer : Collab with DR+ BANGGIWON

#drbanggiwon #drbanggiwonpeelinggel
#reviewbynyi #nyipick #nyipickexfoliant #crd

image
image
image
image