5 w - Translate

ဂျိုင်းသားဖြူတယ်ဆိုပြီး နာမည်ကြီးနေတဲ့
Dove - dark marks corrector အခြေအနေဘယ်လိုရှိမလဲ ???

Underarm အတွက်ဆို ပုံစံအတော်များများသုံးဖူးတယ် ၊ roll-on type , spray type , cream type gel type တွေ သုံးဖူးတယ်

ဒီ Dove ရဲ့ dark marks corrector ကတော့ ပုံမှန်မြင်နေကြပုံစံတွေနဲ့တော့နည်းနည်းကွဲထွက်ပြီး stick ပုံစံလေးနဲ့လာတယ် ( Drug type လို့လည်းခေါ်လို့ရတယ် , အခဲတုံး ပုံစံလေးပေါ့ )

-“ ဒီ Dove darkmarks corrector မှာတော့ ဂျိုင်းချွေးထွက်တာသက်သာဖို့ရယ် ၊ ဂျိုင်းသားဖြူဖို့ရယ် ဆိုပြီး အဓိက highlight နှစ်မျိုးထားထားတယ်

✔️ပထမတချက် - သူ့မှာ Aluminium Zirconium Tetrachlorohydrex gly ပါတဲ့အတွက် ဂျိုင်းချွေးထွက်တာကိုလျော့ပါးစေပြီး ပိုးသ၊တ်ပေးလို့ ယားယံတာမျိုး မဖြစ်ဘူး ၊

သူ့ပုံစံက မျက်နှာမှာ primer လိမ်းလိုက်လို့ ချွေးပေါက်တွေကို blur လုပ်လိုက်နိုင်သလို

ဒီ corrector ကလည်း ဂျိုင်းသားကို blur လုပ်ပေးပြီး tightening ဖြစ်သွားတယ်လို့ ခံစားရတယ်

ဂျိုင်းချွေးထွက်တာနည်းသွားတဲ့အတွက် ဂျိုင်းချွေးနံ့ထွက်တာမျိုး ၊ ယားယံတာမျိုးတော့ မဖြစ်ဘူး

✔️ဒုတိယတချက် - ဂျိုင်းသားဖြူတာက သိသာလားဆိုရင် သိသာတယ်လို့ပြောရမယ် ၊ သုံးပြီးနှစ်ပတ်ဝန်းကျင်လောက်မှာဘဲစပြီး သတိထားမိတယ် Niacinamide ကိုလည်း အဓိက highlights ထားပေးထားလို့ ညိုတာတွေသက်သာစေတယ်

မည်းတာကနေ ချက်ချင်းကြီးဖြူလာတာမျိုးတော့ မဟုတ်ဘူး ၊ ဂျိုင်းသား မည်းတာတွေ မှိန်သွားပြီး skin brightening ပုံစံမျိုးဖြစ်လာတာပါ

ဒါက သူ့ရဲ့အဓိက အချက်နှစ်ချက် !!

✔️ သူ့ရဲ့ fragrance , textures နဲ့ price တွေ ကရောဘယ်လိုရှိမလဲ

“Fragrance - အနံ့အနေနဲ့ကတော့ fresh lily ဆိုတဲ့အတိုင်း ပန်းနံ့သင်းသင်းလေးရတယ် ၊ ဒါပေမယ့် ဒီအနံ့က ချိုင်းချွေးနံ့ဖုံးဖို့သီးသန့်လောက်ဘဲ အသုံးဝင်မယ် ၊ spray တွေ roll on တွေ လိုတော့ မွှေးကြိုင်နေမှာမဟုတ်ဘူး

အနံ့ကအပြင်ကိုမရောက်တဲ့အတွက် ယောကျာ်းလေးတွေအတွက်လည်း အဆင်ပြေတယ် ၊ မွှေးချင်ရင် perfume သီးသန့်ထပ်သုံးရလိမ့်မယ်

“Texture - texture ကတော့ အပေါ်မှာပြောထားသလိုဘဲ drug type ဆိုတော့ ဒီအတိုင်း အခဲတုံးကိုဂျိုင်းကိုပွတ်ပေးယုံဘဲ

အရမ်းမပျော့သလို အရမ်းလည်း မမာဘူး
တစ်ခုတော့ရှိတယ် ၊ ဂျိုင်းသားက အရမ်းခြော၊က်နေရင်တော့ ဆွဲလို့အဆင်ပြေမှာ မဟုတ်ဘူး ၊ ရေချိုးပြီးခါစအချိန်မျိုး အသားရေစိုနေချိန်ဆိုရင်တော့ သုံးရပိုအဆင်ပြေပါတယ်

✔️ Net weight အားဖြင့် (4Gပါတယ်
ဘယ်လောက်အသုံးခံလည်းဆို ပုံမှန်သုံးမယ်ဆို (2-3)လဝန်းကျင်လောက်တော့ အသုံးခံပါလိမ့်မယ် ၊ စျေးနှုန်းအားဖြင့် (2000စွန်းစွန်း ပတ်ချာလည်မှာရောင်းကြတယ်

ဂျိုင်းနဲ့ပတ်သက်ပြီး error မရှိတဲ့သူတွေကတော့ ထူးခြားတာမျိုးအရမ်းရှိမှာမဟုတ်ဘူး ၊ ဒါပေမယ့် ဂျိုင်းချွေးအရမ်းထွက်တဲ့သူတွေနဲ့ ဂျိုင်းသားမ၊ည်းတဲ့သူတွေအတွက်တော့ အဆင်ပြေပါလိမ့်မယ်

✔️ Personally အရပြောရရင်တော့ Drug type မို့ အရမ်းသဘောကျတဲ့အထဲမပါပေမယ့် ကျန်တာတော့ အဆင်ပြေတယ်

▪️Rating အားဖြင့်တော့ 7.5>>8/10 လောက်ထိပေးလို့ရပါတယ်

တစ်ခုချင်းစီကို details review လုပ်ပေးထားထားမလို့ အဆင်ပြေကြလိမ့်မယ် ထင်ပါတယ်

နောက်ထပ် Blog တွေကြမှ ပြန်တွေ့ကြမယ်ဗျ
See you in the next blog

#ချိုင်းမည်း #ချိုင်းဖြူ #freshlily
#dove #dovedarkmarkscorrector
#doveultimaterepairdarkmarkscorrector
#reviewbyaustin
#reviewbyaustinthet
#austin #austinthet#crd

image
image
image