5 w - Translate

ကြက်/ဝက်.ပဲပြားခရုဆီအစပ်ကြော်
••••••••••••••••••••••••••••••••••••••••
အရင်ဆုံး ပဲပြားတွေကိုလေးထောင့်ပုံစံလှီးထား...
ကြက်သို့မဟုတ် ဝက်သားကို တောက်တောက်စင်းထား..
ကြက်သွန်နီကိုအစိတ်သေးလေးတွေလှီးထား..
ကြက်သွန်ဖြူ ဓားပြားရိုက် ပီးပြန်လှီးထား..
ကော်မူန့်အနည်းငယ်ရေဖျော်ထား..
ငရုတ်သီးစိမ်း အနည်းငယ်ဖြတ်ထား..
ကြက်သွန်မိတ်အနေတော်ပိုင်းဖြတ်ထား...

ဒယ်အိုးဆီပူရင် ပဲပြားတွေကို အနည်းငယ်ကြွပ်သယောင်
ဖြစ်သည်ထိအရင်ကြော့်ပါ..ပြီးရင်ပြန်ဆယ်ထားပြီး ပိုတဲ့ဆီနဲ့ပဲ
တောက်တောက်စင်းထားတဲ့အသားကိုအရင်ထည့်ကြော့်ပါ..
အသားမူန့် ကြာညိူ့ထည့်ပါ..ကြက်သွန်နီဖြူထည့်ပါ..အားလုံး
အနံ့မွေးရင်ရေအနည်းငယ်ထည့် ..ပွက်ရင်ခုနကကြော်ထား
တဲ့ပဲပြားတွေထည့်..ပွက်ပါစေ..အရသာမြည်းကြည့်..နောက်ဆုံးမှခရုဆီ ငရုတ်သီးစိမ်း ထည့်..အတော်ပဲဆိုမှ.. အသင့်
ဖျော်ထားတဲ့ကော်ရည်ထည့်ပါ..ကြက်သွန်မိတ်အုပ်ပါ..ပူပူလေးသုံးဆောင်နိုင်ပါပီ...ပဲငပိအရသာကြိုက်ရင် .ပဲငပိတစ်ဇွန်း
လောက်ထည့်ချက်နိုင်ပါတယ်...

image