ကြက်ကုန်းဘောင်ကြီးကြော်
--------------------------------
ပါဝင်သော ပစ္စည်းများ
၁။ ကြက်သား (ရင်ဘုံသား) – ၂၀ ကျပ်သား (အနေတော် တုံးပေးပါ)
၂။ ကြက်သွန်နီ – ၂လုံး (လေးစိပ်စိတ်ပါ)
၃။ မုန်လာဥနီ – ၂ခု (အနေတော် တုံးပေးပါ)
၄။ ဘိုစားပဲ – ၁ဝခု (အနေတော် တုံးပေးပါ)
၅။ ပြောင်းဖူးသေး – ၈ခု (အနေတော် တုံးပေးပါ)
၆။ ကြက်သွန်မြိတ် – ၂ခု ( အရှည်လှီးပေးပါ)
ရ။ သီဟိုစေ့ – ၁၅စေ့
၈။ ငရုတ်ပွနီခြောက် – ၃ခု
-------------------------------
ချက်ပြုတ်နည်း
၁။ ကြက်သားကို [ ဆား(လက်ဖက်ရည်ဇွန်း ၁ဇွန်း)၊ ကြက်သားမှုန့်(လက်ဖက်ရည်ဇွန်း တဝက်)၊ ပဲငံပြာရည်အနောက် (လက်ဖက်ရည်ဇွန်း ၂ဇွန်း)၊ ခရုဆီ(စားပွဲတင်ဇွန်း တဝက်)၊ ဂျုံမှုန့်(စားပွဲတင်ဇွန်း တဝက်) ] ထည့် နုယ်ပေးပါ။
၂။ ပြီးလျှင် ဒယ်ထဲ ဆီများထည့်ပြီး နုယ်ထားသော ကြက်သားကို ၂မိနစ်ခန့် မီးအသင့်တင့်ဖြင့် ကြော်ပေးပါ။ ပြီးလျှင် ကြော်ထားသော ကြက်သားများကို ဇကာဖြင့် ပြန်ဆယ်ထားပါ။
၃။ ဒယ်ထဲ ဆီ(စားပွဲတင်ဇွန်း ၃ ဇွန်း) ထည့်ပြီး ကြက်သွန်ဖြူ(လက်ဖက်ရည်ဇွန်း ၁ဇွန်း) ထည့်ကာ စက္ကန့်အနည်းငယ်မျှ ဆီပူုထိုးပေးပါ။
၄။ ထို့နောက် ကြက်သွန်နီ၊ မုန်လာဥနီ ထည့်မွှေပေးပါ။ ပြောင်းဖူးသေး၊ ဘိုစားပဲ ထည့်ပေးပါ။
၅။ ပြီးလျှင် ကြက်ပြုတ်ရည်(သို့) ရေ(တခွက်) ထည့်ပြီး အဖုံး ၁မိနစ်ခန့်အုပ်ထားပေးပါ။
၆။ ရေအနည်းငယ်ကျန်လျှင် ကြက်သား၊ ပဲငံပြာရည်အနောက် (လက်ဖက်ရည်ဇွန်း ၁ဇွန်း)၊ နှမ်းဆီ(၄စက်)၊ ခရုဆီ(စားပွဲတင်ဇွန်း ၁ဇွန်း)၊ သကြား(လကဖက်ရည်ဇွန်း ၁ဇွန်း)၊ ဆား(လက်ဖက်ရည်ဇွန်း ၁ ဇွန်း)၊ ကြက်သွန်မြိတ် ထည့်မွှေပေးပါ။
၇။ ထို့နောက် အရသာအပေါ့အငံမြည်းပြီး သီဟိုစေ့၊ ငရုတ်ပွခြောက် ထည့်ပြီး ရေခန်းသည်အထိမွှေပေးပါ။
၈။ အရသာစူးရှပြီး စားလို့ကောင်းသော ကြက်ကုန်းဘောင်ကြီးကြော်ကို ထမင်းနှင့်တွဲဖက် စားသုံးနိုင်ပါပြီ