5 w - Translate

ကမ္ဘာကျော် ဘောလုံးသမားဖြစ်တဲ့ အိုဇေးဟာ
ကွင်းထဲမှာ သူ့ကိုပစ်ပေါက်ခဲ့တဲ့ ပေါင်မုန့်ကို
(လူတွေ အများကြီးရှေ့မှာ) ကောက်နမ်းပြီး နဖူးနဲ့ထိကာ အရိုအသေပေးခဲ့ပါတယ် ။

အိုဇေးကို အဆိုပါ လုပ်ရပ် အတွက် အင်တာဗျုးမှာတော့ …

“ မုန့်ထုတ်လုပ်ဖို့အတွက် ကုန်ကြမ်းတွေကို
တောင်သူ လယ်သမားတွေ၊မွေးမြူရေး သမားတွေဟာ
ပင်ပန်းကြီးစွာနဲ့ (တစ်ချို့ဆိုရင် အသက်နဲ့ရင်းပြီး)
ထုတ်လုပ်ခဲ့ကြတာပါ ။
ဒါကိုလေးစားတဲ့အနေနဲ့ မုန့်တွေကို အလဟဿ မဖြုန်းတီး
မပစ်သင့်ပါဘူး “

“ စားစရာမုန့်ကို အလွယ်တကူဝယ်လို့ရတဲ့ နေရာတွေမှာ
မသိသာပေမဲ့ စားစရာမုန့်တွေကို အလွယ်တကူမရနိုင်တဲ့
စစ်ဘေးရှောင် ဒုက္ခသည်စခန်းတွေနဲ့ ငတ်မွတ်ခေါင်းပါးတဲ့နေရာတွေမှာတော့ ဒီမုန့်တွေဟာ အလွန်အရေးပါ ပါတယ် “

“ ကိုယ်ပစ်လိုက်တဲ့ အစားအသောက်ဟာ အဲ့ဒီဒေသတွေက
လူတွေ ကလေးတွေ အတွက်တော့ အလွန် အဖိုးတန်ပါတယ် “

ဒါကြောင့် အစားအသောက်တွေကို လေးစားပါ ၊ အလဟဿ မဖြုန်းတီးပစ်ကြပါနဲ့ ခင်ဗျာ

ဆာလောင်ဖူးမှ အစားအသောက်ရဲ့
တန်ဖိုးကို သိပါလိမ့်မယ် ❤️ “

🎙️အိုဇေးလ် 🇩🇪

#ozil

image