လီဗာပူးနှင့် စာချုပ်သက်တမ်းတိုးရန် ဆွေးနွေးနေဟု နောက်ခံလူ ဗန်ဒိုက်အတည်ပြု
လီဗာပူးအသင်းနဲ့ စာချုပ်သက်တမ်းတိုးဖို့ ဆွေးနွေးနေကြောင်း နောက်ခံလူ ဗန်ဒိုက်က အတည်ပြုပြောသွားပါတယ်။
ဟော်လန် နောက်ခံလူဟာ အခုနှစ်ရာသီအကုန်မှာ အသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးမှာဖြစ်ပြီး သက်တမ်းတိုးဖို့ ကြန့်ကြာနေတာပါ။
လက်ရှိအချိန်မှာ အသင်းမှာ ဆက်ရှိမယ်လို မပြောနိုင်ပေမဲ့ သက်တမ်းတိုးဖို့ကိစ္စကို စကားပြောဆိုနေကြောင်းနဲ့ ဆုံးဖြတ်ချက်တခု ချမှတ်တဲ့ အချိန်မှာ အားလုံးကို အသိပေးသွားမှာ ဖြစ်ကြောင်း ဗန်ဒိုက်က ပြောပါတယ်။
လီဗာပူးအသင်းနဲ့အတူ နိုင်ပွဲတွေ ဆက်လက်ရယူပြီး ဆုဖလားအောင်မြင်မှုတွေ ထပ်မံရယူနိုင်ဖို့သာ အဓိက ပစ်မှတ်ထားနေကြောင်းလည်း ဗန်ဒိုက်က ပြောသွားပါတယ်။