ဘင်္ဂလားဒေ့ရှ်တွင် ရေကြီး၍ ဆန်တန်ချိန် ၁ ဒဿမ ၁ သန်းခန့် ပျက်စီးခဲ့
ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ရေလွှမ်းမိုးမှုများကြောင့် ဆန်တန်ချိန် ၁ ဒဿမ ၁ သန်းခန့် ပျက်စီးခဲ့သည်ဟု စိုက်ပျိုးရေးဝန်ကြီးဌာန၏ အချက်အလက်များအရသိရပြီး နိုင်ငံတွင် စားသောက်ကုန်ဈေးနှုန်းများ မြင့်တက်နေသဖြင့် အဓိကအစားအစာဖြစ်သော ဆန် ကို ပိုမိုတင်သွင်းခဲ့သည်။
မိုးရာသီကာလ မိုးကြီးမှုများနှင့် မြစ်ညာပိုင်းတွင် ရေကြီးရေလျှံမှုများကြောင့် ဘင်္ဂလားဒေ့ရှ်တွင် သြဂုတ်လနှင့် အောက်တိုဘာလများ၌ ရေကြီးမှုနှစ်ကြိမ် ကြုံခဲ့ရပြီး လူ ၇၅ ဦးထက်မနည်း ေ-သဆုံးခဲ့ကာ သန်းနှင့်ချီ၍ ရေဘေးသင့်ခဲ့သည်။ အထူးသဖြင့် နိုင်ငံအရှေ့ပိုင်းနှင့် မြောက်ပိုင်းဒေသများရှိ စိုက်ခင်းများလည်း အကြီးအကျယ်ပျက်စီးခဲ့သည်။
ယခုနှစ် ရေလွှမ်းမိုးမှုကြောင့် စပါးထွက်နှုန်း ကျခဲ့သည်ဟု စိုက်ပျိုးရေးဝန်ကြီးဌာနက ပြောဆိုသည်။ ယင်းအခြေအနေကြောင့် အစိုးရသည် ဆန်တန်ချိန် ၅ သိန်း ကို တင်သွင်းရန် အလျင်အမြန်ဆောင်ရွက်ခဲ့ရပြီး ပုဂ္ဂလိကကဏ္ဍကိုလည်း ဆန်တင်သွင်းခွင့် ပါပစ်များကို မကြာခင်ချထားပေးမည်ဟု မျှော်လင့်ရေကြာင်း စားနပ်ရိက္ခာဝန်ကြီးဌာန တာဝန်ရှိသူတစ်ဦးက ပြောဆိုခဲ့သည်။
ဝန်ကြီးချုပ်ဟောင်း ရှိတ်ဟာစီနာ ပြုတ်သွားပြီးနောက် တာဝန်ယူခဲ့သည့် ကြားဖြတ်အစိုးရသည် စားသောက်ကုန်ဈေးနှုန်းများ ကိုတည်ငြိမ်အောင်ထိန်းထားနိုင်ရေးအတွက်ရုန်းကန်နေရပြီး မကြာခင်လများအတွင်းက ကုန်ဈေးနှုန်းများသည် ၂၀ ရာခိုင်နှုန်းအထိ မြင့်တက်ခဲ့သည်။
ဘင်္ဂလားဒေ့ရှ်၏ ဆန်တင်သွင်းမှု ပိုမိုမြင့်တက်လာခြင်းက ကမ္ဘာ့ထိပ်တန်း ဆန်တင်ပို့နိုင်ငံဖြစ်သည့် အိမ်နီးချင်း အိန္ဒိယနိုင်ငံ၏ တင်ပို့မှုများကို ရုပ်သိမ်းသွားစေနိုင်သည်။ အိန္ဒိယအစိုးရသည် ပေါင်းဆန်တင်ပို့မှုများအတွက် အခွန် ၁၀ ရာခိုင်နှုန်းလျှော့ချပေးထားသညည်