34 w - Translate

တို့ကတော့ ငပိကြိုက်တယ်
မြန်မာမို့ကြိုက်တာမဟုတ်ဘူး
ကြိုက်ချင်လို့ကြိုက်တာ
ပြောရရင် ငပိက celebrity တယောက်လိုပဲ
ဘယ်သူမဆို သူနဲ့တွဲချင်ကြတယ်
ဘယ်ဟင်းမဆို သူနဲ့တွဲလို့ရတယ်
ငပိရည်မှာကိုဖျော်နည်းအမျိုးမျိုးရှိတယ်
ငါးနဲ့ဖျော်မလား ပုစွန်စို/ပုစွန်ခြောက်နဲ့ဖျော်မလား
ကျဲကျဲဖျော်မလား ပျစ်ပျစ်ဖျော်မလား
ငြုပ်သီးစိမ်းနဲ့ဖျော်မလား ငြုပ်သီးအကျက်မှုန့်/အလှော်မှုန့်နဲ့ဖျော်မလား ခရမ်းချဉ်သီးမီးဖုတ်ဖျော်မလား ကုလာအော်သီးဖုတ်ပြီးထည့်ဖျော်မလား
ကြိုက်သလိုဖျော်
Character မျိုးစုံရတဲ့ ၅ထပ်ကွမ်းအကယ်ဒမီမင်းသမီးလိုပဲ
အတို့လား
အစိမ်းစားလို့ရတဲ့အသီးအရွက်မှန်သမျှ
ငပိရည်နဲ့တို့စားလို့ရသလို
အစိမ်းမှမစားချင်ဘူး ပြုတ်တို့မယ်ဆိုလည်းရတယ်
ချဉ်ဖတ်ထည့်ဦးမလား ရတာပဲ
ပြောချင်တာက ငပိရည်က
မင်းသားမရွေးတဲ့မင်းသမီးလိုပဲ
ကြိုက်တဲ့သူလာထား ..... ရတယ်
ငပိရည်မကြိုက်ဘူး
ငပိထောင်းမှကြိုက်တယ်ဆိုလည်းရတယ်
မျှင်ငပိကောင်းကောင်းသာရှိ
မျှင်ငပိကိုဖုတ် ကြက်သွန်ဖြူ ငြုပ်သီးစိမ်း
ပုစွန်ခြောက်ထည့် ရသာမှုန့်နည်းနည်းထည့်
ရောထောင်းရုံပဲ
အေး
နည်းနည်းလောက်စတန့်ထွင်ချင်လား..ရသေးတယ်
ငပိထောင်းထဲကို သရက်သီးစိမ်းထည့်ထောင်းရင်
သရက်သီးထောင်း
မရမ်းသီးထည့်ထောင်းရင် မရမ်းသီးထောင်း
မျှစ်နုနုလေးတွေထည့်ထောင်းရင် မျှစ်ထောင်း
ခရမ်းသီးလေးတွေထည့်ထောင်းရင်
ခရမ်းသီးထောင်း
ဂွေးသီးထည့်ထောင်းရင် ဂွေးသီးထောင်း
ကဲ
ဘယ်ကားရိုက်ရိုက် အကယ်ဒမီရတဲ့မင်းသမီးလိုပဲ
ငပိကြော်ဆိုတာရှိသေးတယ်
မြန်မာအိမ်ရှင်မတွေ စိတ်ကူးဆန်းသစ်ပြီး
ဘယ်ပုံစံနဲ့ကြော်ကြော် အကုန်ကြိုက်တယ်
ထမင်းကြော်ထဲ ထည့်ကြော်ရင် ငပိထမင်းကြော်
ကြက်သားဟင်းထဲထည့်ချက် ကြက်သားငပိချက်
ချဉ်ပေါင်ဟင်းဘယ်လောက်ကောင်းကောင်း
ငပိထောင်းလေးတမြှုံ့မှမပါရင် ဟာတာတာကြီး
ရေးရရင် ကုန်မှာမဟုတ်ဘူး
ငပိ allergy ရှိတဲ့လူလည်းတွေ့ဖူးပါတယ်
သူတို့တကယ်မကြိုက်ကြပါဘူး
ဘာပဲပြောပြော အခြေခံလူတန်းစားတွေအတွက်
ငပိကမရှိမဖြစ်ပဲ
ငပိတစ်ကလော်ပစ်ထည့် ဆီနည်းနည်း ကြက်သွန်နီနည်းနည်းနဲ့ လှိမ့်လိုက်ရင် ထမင်းစားလို့ရပြီ
ကျုပ်တို့တော့ကြိုက်တယ်
ရက်ဆက်စားရင် သွေးတိုးပြီးခေါင်းမူးလို့သာ
အခုနောက်ပိုင်း ရက်ခြားပြီးစားတာ
ငပိနံ့ရရင် မူးမေ့ပြီးလဲမသွားဘူး
ငေါက်ခနဲ ထ,လာတာ
စားမလို့ 😝
Min Yel Kyaw Swar

image