5 w - Translate

သုံးထပ်သားနဲ.ကိုက်လန်
>>>>>>>>>>>>>>

သုံးထပ်သား..................၅၀ ကျပ်သား
ကိုက်လန်ဖူး.....................၃ စည်း
ကြက်သွန်နီ....................၁ လုံး (နုပ်နုပ်စင်း)
ကြက်သွန်ဖြူ...................၃ တက်
ချင်းကြီးကြီး....................၁ တက်
ပဲငံပြာရည်အကြည်...........၃ ဇွန်း( ထမင်းစားဇွန်း)
တရုတ်ဟင်းချက်အရက်......၁ ဇွန်း( ..........။......)
ခရုဆီ............................၁ ဇွန်း( .......။.........)
သကြား..........................၁ ဇွန်း(........။.........)
ဟင်းခတ်မှုန်. ..................၁ ဇွန်း( လက်ဖက်ရည်ဇွန်း)
နာနတ်ပွင့်.......................၂ ပွင့် ( မီးကင်ပြီးအနည်းငယ်ရိုက်ပြားပါ)

ချင်းနှင့်ကြက်သွန်ဖြူကို ညှက်နေအောင်ထောင်းပါ။

ကိုက်လန်ဖူးလေးများကိုလည်းသင်ပြီးရေဆေး ၊စစ်ထားပါ။

သုံးထပ်သားတွေကို သန်.စင်ပြီး..မိမိနှစ်သက်သလိုတုံးကာ ၊ သကြား၊ ခရုဆီ ၊ ဟင်းခတ်မှုန်. ၊ တရုတ်ဟင်းချက်အရက်၊ ပဲငံပြာရည်အကြည် (လိုအပ်ပါကဆားအနည်းငယ်ဖြည့်စွက်) တို.နှင့်ရောမွှေကာ..ချင်း၊ကြက်သွန်
ဖြူထောင်းကိုအရည်ညှစ်ချကာ..နယ်ပြီး..(၃၀) မိနစ်ခန်.နှပ်ထားပါ။

နှပ်ထားတာအချိန်ပြည့်ပြီဆိုရင်တော့..ဒယ်အိုးတစ်လုံးမှာဆီအနည်းငယ်လေး
ကိုအပူပေးကာ..ကြက်သွန်နီကိုမွှေးလာအောင်ဆီသတ်ပါ။ မီးဖုတ်ပြီးဓါးပြားရိုက်ထားတဲ့နာနတ်ပွင့်လေးလည်းထည့်ပါ။

ကြက်သွန်နီတွေမွှေးလာပြီဆိုရင်တော့..နယ်ပြီးနှပ်ထားတဲ့ဝက်သားတွေထည့်
ကာအဖုံးပိတ်ပြီး..မီးအေးအေးမှာနှပ်ချက်..ချက်ပါ။

ဝက်သားတွေနှူးလာပြီဆိုမှာ..သင်ထားတဲ့ကိုက်လန်ဖူးလေးများထည့်ပေါင်း
ကာ( ၁၀) မိနစ်ခန်.အဖုံးပိတ်ပြီး ချက်ပါ။

ဒါမှသာကိုက်လန်ဖူးလေးများကဝက်သားဟင်းအရည်ကိုပြည့်ဝစွာစုပ်ယူမှာ
ဖြစ်သလို..နှူးအိပေမယ့်အရောင်မပြောင်းသေးတဲ့ကိုက်လန်ဖူးစိမ်းစိမ်းလေးများကိုရရှိမှာဖြစ်ပါတယ်...။

image