5 w - Translate

ရန်ကုန်ရွှေအသင်းရည်ညွှန်းဈေး တစ်ကျပ်သား (၅၅) သိန်းကျော်လာ

ကမ္ဘာ့ရွှေဈေးမြင့်တက်လာမှုကြောင့် ရန်ကုန်ရွှေအသင်းရည် ညွှန်းဈေးသည် တစ်ကျပ်သား ၅၅ သိန်းကျော်အထိမြင့်တက်လာကြောင်း အသင်းမှ ထုတ်ပြန်ထားသည့် ဈေးနှုန်းများအရ သိရသည်။

နိုင်ငံခြားငွေလဲလှယ်နှုန်း ကျဆင်းလာသော်လည်း ကမ္ဘာ့ရွှေဈေးမြင့်တက်မှုကြောင့် ပြည်တွင်းရွှေဈေးပါ လိုက်ပါမြင့်တက်လျက်ရှိပြီး ယနေ့ ကမ္ဘာ့ရွှေဈေးတစ်အောင်စလျှင် ၂၇၀၇ ဒေါ်လာဖြစ်ကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်း YGEA ၏ သတ်မှတ်ရွှေဈေးသည် တစ်ကျပ်သားလျှင် ၅၅၄၁၅၁၀ ကျပ်ထိ မြင့်တက်လာပြီး ပြင်ပရွှေဈေးကွက်တွင် ရွှေတစ်ကျပ်သားလျှင် ၆၃၅၀၀၀၀ ကျပ်ဖြစ်ကြောင်း သိရသည်။

သို့သော်ရွှေဈေးကွက်အတွင်း အရောင်းအဝယ်အေးနေပြီး အရောင်းပိုများနေကြောင်း ရွှေအရောင်းဆိုင်များ၏ ပြောပြချက်အရ သိရသည်။

" အဝယ်ကတော့ ရှိတယ်။ ဒါပေမဲ့နည်းတယ်။ အရောင်းကပိုများတယ်။ သီတင်းကျွတ်ပြီးနောက်ပိုင်း ရွှေအရောင်းအဝယ်ကောင်းမယ်လို့ မှန်းထားတယ်။ အခုတော့ နည်းနည်းလေးအေးနေတယ်" ဟု ရွှေရောင်းချသူတစ်ဦးက ပေါ်ပြူ လာနယူးစ်သို့ ပြောသည်။

ရန်ကုန်ရွှေအသင်းအနေဖြင့် ရည်ညွှန်းဈေးကို နိုင်ငံတကာ ရွှေဈေးအား ဗဟိုဘဏ်၏ ‌‌ဒေါ်လာသတ်မှတ်ဈေးဖြင့် တွက်ချက်ပြီး သတ်မှတ်ထုတ်ပြန်ခြင်းဖြစ်ကြောင်း သိရသည်။

ယနေ့ မြန်မာကျပ်ငွေနှင့် ဒေါ်လာငွေလဲနှုန်းသည် တစ်ဒေါ် လာကို ၄၃၅၀-၄၄၅၀ ကျပ်ဝန်းကျင် ပေါက်ဈေးရှိကြောင်း သိရသည်။

image