5 w - Translate

ကျောက္ကာရွာမှ စက်လှေတိမ်းမှောက်မှု (၆၁) ဦး အသက်ရှင်လျက်ကယ်တင်နိုင်ပြီး (၁၇) ဦး ပျောက်ဆုံးနေဆဲဖြစ်ဟုဆို

တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်၊ ကျောက္ကာရွာတွင် စက်လှေတစ်စီး တိမ်းမှောက်မှု ဖြစ်ပွားရာမှ (၆၁)ဦးကို အသက်ရှင်လျက်ကယ်ဆယ်ထားနိုင်ခဲ့ပြီး (၉)ဦး ေ-သဆုံးကာ (၁၇)ဦးခန့် ပျောက်ဆုံးနေဆဲဖြစ်ကြောင်း ဖြစ်စဉ်နှင့် နီးစပ်သည့် အသိုင်းအဝိုင်းမှ သိရသည်။

ပုလောမြို့နယ် ၊ ကျောက္ကာရွာတွင် ယမန်နေ့ အောက်တိုဘာ (၂၀)ရက် ညပိုင်းက စက်လှေတစ်စီး တိမ်းမှောက်မှု ဖြစ်ပွားပြီး ရှာဖွေကယ်ဆယ်ရေးများ လုပ်ဆောင်ခဲ့ရာ ရုပ်အလော-င်း(၉)ဦး ပြန်လည်တွေ့ရှိခဲ့ကြောင်း သိရသည်။

အဆိုပါ စက်လှေမှာ ပုလောမြို့နယ် ကျောက္ကာရွာအနီး ပင်လယ်ပြင်တွင် တိမ်းမှောက်ခဲ့ခြင်းဖြစ်ကာ စက်လှေပေါ်၌ တိုက်ပွဲရှောင် ဒုက္ခသည်များအပါအဝင် သီတင်းကျွတ်ကျောင်းပိတ်ရက်တွင် ပြန်လာကြသည့် ကျောင်းသား/ကျောင်းသူများ၊ မိဘများနှင့် အခြားခရီးသည်များ လိုက်ပါလာကြောင်း သိရသည်။

အဆိုပါ စက်လှေတစ်စီးတိမ်းမှောက်မှုဖြစ်စဉ်အတွင်း ပျောက်ဆုံးနေသူများကို မြိတ်အခြေစိုက် ကျွမ်းကျင်ရေငုတ်သမားများက ရေစီးကြောင်းတလျှောက် ယနေ့ ည (၆)နာရီခွဲအချိန်အထိ ရှာဖွေနေဆဲဖြစ်ကြောင်း ကျောက္ကာဒေသခံတစ်ဦးက ပေါ်ပြူလာနယူးစ်သို့ ပြောသည်။

" ဖြစ်တာက ပင်လယ်ပြင်ထဲမှာဖြစ်တာမဟုတ်ဘူး။ ကျောက္ကာရွာကနေ ပင်လယ်ပြင်ကိုထွက်မယ့် ကျောက္ကာချောင်း (ဒေသအခေါ်)ထဲမှာဖြစ်တာ။ ‌ေ-သဆုံးတာက အမျိုးသမီးများတယ်"ဟု ‌ေ-သဆုံးသူများအား သရဏဂုဏ် တင်ပေးခဲ့သည့် ဒေသခံဆရာတော်တစ်ပါးက မိန့်ကြားသည်။

ဒေသခံများ၏ ပြောဆိုချက်အရ ယမန်နေ့ အောက်တိုဘာ (၂၀)ရက် ည (၉)နာရီတွင် ကျောက္ကာရွာမှ မြိတ်မြို့သို့ ထွက်ခွာသည့် စက်လှေပေါ်တွင် ခရီးသည် (၉၀)ကျော်ပါဝင်ကြောင်း နှင့် အဆိုပါ စက်လှေအပေါ်ပိုင်းတွင် ကုန်ပစ္စည်းများ တင်ဆောင်ထားပြီး စက်လှေဝမ်းတွင်း၌ ခရီးသည်များ လိုက်ပါလာပြီး စက်လှေမှာ ကျောက္ကာရွာမှ စတင်ထွက်ခွာပြီး မိနစ်(၂၀)ဝန်းကျင်ခန့်တွင် ရေဝဲတစ်ခုနှင့်ဆုံကာ မထိန်းနိုင်ဘဲဘေးသို့စောင်း၍ တိမ်းမှောက်သွားခြင်းဖြစ်ကြောင်း သိရသည်။

image