မှော်ဘီတွင် မိုးသည်းစွာရွာသွန်းပြီး (၅၀) နှစ်အတွင်း မိုးရေချိန် စံချိန်သစ်တင်
ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ်အတွင်း မိုးသည်းထန်စွာရွာသွန်းပြီး နှစ်ပေါင်း (၅၁)နှစ်အတွင်း မိုးရေချိန် စံချိန်သစ်တင်ခဲ့ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ယနေ့ထုတ်ပြန်သိ အသိပေးချက်အရ သိရသည်။
ယနေ့ အောက်တိုဘာ (၂၁)ရက်နေ့ မှော်ဘီမြို့တွင် မိုးရွာသွန်းမှုစံချိန်မှာ ၅ ဒဿမ ၁၂ ရှိခဲ့ပြီး မိုးလေဝသစခန်း စတင်ဖွင့်လှစ်သည့် နှစ်ပေါင်း(၅၁)နှစ်အတွင်း စံချိန်တင် မိုးရွာသွန်းခြင်းဖြစ်ကြောင်း သိရသည်။
ထို့အတူ ကြို့ပင်ကောက်မြို့၏ ယနေ့ မိုးရွာသွန်းမှုစံချိန်မှာ ၄ ဒဿမ ၃၃ ရှိခဲ့ပြီး လွန်ခဲ့သည့် ၁၉၉၇ ခုနှစ်၌ ၄ ဒဿမ ၀၉ ရှိခဲ့ကာ မိုးလေဝသစခန်းဖွင့်လှစ်သည့်နှစ်ပေါင်း(၃၉)နှစ်အတွင်း စံချိန်တင် မိုး ရွာသွန်းခြင်းလည်းဖြစ်သည်ဟု မိုး/ဇလ၏ အသိပေးချက်တွင်ဖော်ပြထားသည်။