အရင်က
+++++%
ဝေးသွားပြီလို့ သေချာသွားတဲ့အချိန်
ကိုယ့်အနားမရှိတော့ဘူးဆိုတဲ့စိတ်နဲ့
သေချင်လောက်အောင်
ကျွန်မ ငိုခဲ့ဖူးတယ်။
အမှတ်မရှိတဲ့ နှလုံးသားက
သတိရစိတ်မကုန်သေးသ၍
သူ့အကြောင်းတွေးမိတိုင်း လွမ်းတဲ့စိတ်နဲ့
ကျွန်မအခါခါ ငိုတယ်။
ပို့နေကျ sms လေးတွေ
ပျောက်သွားတဲ့ နေ့ကစပြီး
Active now မပြတော့တဲ့
အကောင့်လေးထဲ အမှတ်မရှိ
ကျွန်မခဏခဏဝင်ကြည့်ရင်း
နာကျင်စွာ ငိုတယ်။
မိုးလင်းတိုင်း Morning ဆိုတဲ့
နှုတ်ဆက်သံလေး မကြားရတော့
နိုးထလာတဲ့ နံနက်တိုင်း တစ်စုံတစ်ခု
လိုအပ်နေတဲ့ခံစားချက်မျိုးဖြစ်ရင်း
ကျွန်မငိုတယ်။
ညရောက်တိုင်း နားထောင်နေကျ
သူ့အသံလေး မကြားရတော့
ညတွေကိုအထီးကျန်ကုန်ဆုံးရင်း
ဝမ်းနည်းစွာ ကျွန်မငိုတယ်။
အမှတ်တရတွေ တွေးမိတိုင်း
ပြန်မရတော့ဘူးဆိုတဲ့စိတ်နဲ့
အခါခါနာကျင်ရင်း သူ့ကိုမေ့နိုင်အောင်
အကြိမ်ကြိမ်ကြိုးစားပြီး ကျွန်မငိုတယ်။
နောက်ဆုံး အရင်က ကျွန်မသူနဲ့ပတ်သက်ပြီး မမေ့နိုင်သေးသ၍ ဒဏ်ရာတွေထွေးပွေ့ရင်းနဲ့ မတတ်နိုင်တဲ့အခါမျိုး ရိုးသားစွာ ငိုတယ်။
CREDIT_မိုးရည်စက်များ