5 w - Translate

ရွှေတိဂုံဘုရား
မြောက်ဘက်မုဒ်နားက`ပန်းခြံ´☘️⛲

ရွှေတိဂုံဘုရားကိုမကြာခဏရောက်ဖူးခဲ့ကြပေမယ့် ဒီနေရာကိုတော်တော်များများမရောက်ဖူးခဲ့ကြဘူး🍀

ဒီနေရာလေးက လူသူအရောက်နည်းတဲ့နေရာဆိုလည်းမမှားဘူး

ပန်းခြံထဲမှာ အပင်တွေနဲ့ စိမ်းစိမ်းစိုစို၊ သန့်သန့်ရှင်းရှင်းရှိတော့အနားယူအပန်းဖြေလို့ကောင်းတယ် `ကြာရက်သွားလို့လားတော့မသိဘူးလူလည်းအရမ်းမရှုပ်ပဲရှင်းတာပဲ

🌳ဒီပန်းခြံထဲကို၀င်သွားတာနဲ့ စစ ရတဲ့ impression က ကြည့်ကြည့်သမျှ ဟာ စိမ်းစိမ်းစိုစို အပင်တွေကြီးပါပဲ။ စိမ်းစိမ်းစိုစိုလေးမြင်ရတော့စိတ်အေးချမ်းစေတယ်

ပြီးတော့ ရေကန်ထဲမှာရွှေငါးလေးတွေလည်းအများကြီးရှိတယ် ငါးစာကျွေးလို့လည်းရတယ်🐠

💟ကိုယ့်ချစ်သူနဲ့ ရွှေတိဂုံဘုရားလေး ဖူး ပန်းခြံထဲ အုတ်စီ လမ်းလေး ပေါ်မှာ လျှောက် ပိုက်ဆံ တပြားမှ မကုန်တဲ့ simple date လေး ဖန်တီးနိုင်ပါသေးတယ်🍀

🏃‍♂️ရွှေတိဂုံ မြောက်ဘက်မုဒ် ၊ အနောက်ဘက်မုဒ် ဘယ်မှာလဲ ဆိုတာ သိကြမယ်လို့ ယူဆလို့ location မထည့်တော့ဘူးနော်

တိတ်ဆိတ်ပြီးနေလို့ကောင်းတဲ့နေရာလေးမို့ ရွှေတိဂုံဘုရားရောက်ဖြစ်တဲ့အခါ ဒီပန်းခြံလေးကိုပါဝင်ရောက်လည်ပတ်ခဲ့ဦးနော်🍀

🚮ဒါနဲ့လေ ပန်းခြံလေး က အတော်လေး သန့်ပြီး အမှိုက်တော်တော် လေးကို ကင်းတာမို့ တွေ့ကရာနေရာ ကွမ်းတံထွေး ထွေးတာတို့ မလုပ်ကြပါနဲ့နော်😍

ဒီတစ်ခါဘုရားဖူးပြီးရင် ဒီနေရာလေးကိုလည်းဝင်လည်ခဲ့ကြနော်❤️

imageimage
+4