စျေးသက်သာပြီး သုံးလို့ကောင်းတဲ့ Skincare များ
(အပိုင်း-၁၃)
Be:Zero Milk Essence📍
Nyi ဒီနေ့ စျေးသက်သက်သာသာနဲ့ ပစ္စည်းကောင်းသုံးချင်သူတွေအတွက် budget save moisturizer လေးတခု ညွှန်းပေးမယ်နော်။
Be:Zero က အားလုံးသိကြတဲ့ Derma Factory ရဲ့လက်ခွဲ brand လေးဖြစ်လို့ စျေးနှုန်းသင့်တင့်ပြီး သုံးရတာ safe ဖြစ်ပါတယ်။ ဒီ milk essence လေးကိုလဲ Nyi မထင်မှတ်ထားဘဲ တော်တော်လေးကိုကြိုက်သွားတယ်။ အများစုကတော့ သူက essence မဟုတ်ဘူးလားလို့ ထင်လိမ့်မယ်။ ဒါပေမဲ့ lightweight moisturizer (emulsion) ပုံစံမျိုးသွားတာမလို့ Nyi ကသူ့ကို ကိုယ်တိုင်လဲ moisturizer step မှာလိမ်းသလို အဆီပြန်တဲ့အသားအရေတွေအတွက်ဆိုလဲ အဲ့လိုသုံးဖို့ပဲ တိုက်တွန်းပါတယ်။ သူက 150ml ပါတာမလို့ တဗူးဆို တော်တော်လေးအသုံးခံတယ်။ ညှစ်ဗူးလေးဆိုတော့ ဘာပဲပြောပြော သန့်သန့်ရှင်းရှင်းသုံးရတယ်ပေါ့နော်။
ပါဝင်တဲ့ ingredients တွေက လုံးဝ minimalist! 2% Panthenol ရယ် Guaiazulene ရယ်အပြင် အားလုံးပေါင်းမှ 10မျိုးလောက်ပဲ။ Hypoallergenic test complete ဖြစ်ထားတယ်၊ Alcohol, Fragrance, Essential oil တွေမပါဘူး၊ slightly acidic ဖြစ်အောင် ထုတ်ထားတယ်။ Guaiazulene ရဲ့ natural color ကြောင့် texture က မိုးပြာရောင်လေးဖြစ်နေတာပါ။
Milk essence ဆိုတဲ့နာမည်အတိုင်း consistency ကတော့ တော်တော်လေးကျဲပါတယ် ဒါပေမဲ့ moisturizing ပိုင်းမှာ လျော့မနေဘူး။ လိမ်းလိုက်ရင် အစိုဓာတ်ကို အပြည့်ပေးတယ်။ မျက်နှာကစိုအိပြီး moist ဖြစ်သွားတာကြောင့် sunscreen လိုက်လိမ်းရင်လဲ ချောချောမွေ့မွေ့လေးပဲ။
ပွင့်ပွင့်လင်းလင်းပြောရင် သူက budget skincare ဆိုတော့ Dear Klairs midnight blue calming cream တို့ဘာတို့လိုတော့ Guaiazulene concentration များမှာမဟုတ်ဘူး။ အဲ့ဒါကြောင့်လဲ အပြာရောင်ကမရင့်ဘဲ အနုလေးပဲထွက်တယ် ဒါပေမဲ့ calming အပိုင်းကတော့ သေချာခံစားမိလောက်အောင် ရနေဆဲပဲ။ 2% Panthenol ကြောင့် deep hydration ရတာကိုလဲ appreciate လုပ်ရပါမယ်။
အချုပ်ဆိုရရင် အဓိကပါဝင်ပစ္စည်းလေး 2ခုနဲ့ အာနိသင်ပိုင်းမှာ လက်စွမ်းပြသွားတဲ့ moisturizer ကောင်းလေးတခုပါ။ Nyi က combination skin ဆိုတော့ မနက်ခင်း သူ့ကို moisturizer အနေနဲ့လိမ်းပြီး ညဘက်ဆို ခပ်ပျစ်ပျစ် moisturizer အောက်ကနေ ခံလိမ်းပါတယ်။ ဝက်ခြံသမား၊ အဆီဖုသမား၊ ဘာသုံးသုံးအဆင်မပြေတဲ့ sensitive skin တွေသုံးသင့်တဲ့ ပစ္စည်းကောင်းလေးပါနော်။ ဒါကုန်ရင် Nyi သူ့ cream လေး try ကြည့်ပါအုံးမယ်ဗျ။
🛒 @Derma Factory Myanmar
Disclaimer : လက်ဆောင်ရထားလို့ သုံးဖြစ်တယ်ဆိုပေမဲ့ တော်တော်ကြီးကြိုက်လို့ share လုပ်ပါတယ်။
#bezero #bezeromilkessence #budgetskincareseries
#reviewbynyi #nyipick #nyipickmoisturizer
#crd