Khine Su Zin shared a post  
5 w

5 w

(၇) ရက်သား/သမီးများအတွက် တစ်ပတ်စာ ဟောကြားချက်များ

တနင်္ဂနွေသား/သမီး--
လုပ်ငန်းတွင် နှောင့်နှေး ထစ်ငေါ့မှုမျိုး ကြုံ
တွေ့နေရတတ်သော်လည်း၊ငွေးကြေးပိုင်း အခြေအနေ ကောင်းမွန်နေပါမည်။မိတ်သစ်မိတ်ကောင်းများနှင့် ဆက်သွယ်လုပ်ကိုင်၍
အကျိုးခံစားရတတ်မည်။ကျန်းမာရေးအညံ့ရှိတတ်၍ သွေးတိုး၊နှလုံး၊အာရုံကြော ရောဂါထဲမှ သတိပြုရမည်။အချစ်ရေးကံ ကောင်းမွန် အဆင်ပြေနေမည်။အိမ်ထောင်ရေးကံ
ကောင်းမွန်သာယာနေမည်။ပညာရေးကံ သင့်တင့် ကောင်းမွန်သော်လည်း
ပညာရေးဘက် စိတ်ဝင်စားမှု နည်းနေတတ်၍ ကြိုးစား ဇွဲတင်းရန် လိုပါမည်။
ယတြာ---
ဖခင် (သို့) ဖခင်အရွယ် တနင်္ဂနွေသား တစ်ဦးကို
တနင်္ဂနွေနေ့၌ အင်္ကျီ အနီရောင် တစ်ထည် ဂါရဝပြု၍ ပေးလှူပါ။
----
တနင်္လာ သား/သမီး
ကံကောင်း၍ အစစ အဆင်ပြေသောကာလဖြစ်မည်။ငွေကြေးပိုင်းတွင် ရစရာရှိသည်များ
နှောင့်နှေး ရက်ရွှေ့ပြီး ရတတ်သည်မှတပါး၊အဆင်ပြေစွာ လည်ပတ်နေပါမည်။ကျန်းမာရေး
ယာယီ အညံ့လောက်သာ ရှိတတ်ပါမည်။အချစ်ရေး
ပုံမှန် ဆက်ဆံရေးတွင်သာ
ရှိနေပါမည်။အိမ်ထောင်ရေး ပြဿနာကြီးမားစွာ မရှိတတ်သော်လည်း၊အမြင်မတူ
မှူများကြောင့် စိတ်အနှောင့်အယှက် ဖြစ်ရတတ်သည်။ပညာရေး ပုံမှန်
အနေအထားတွင်ရှိ၍ ကြိုးစားသလောက် အောင်မြင်မှု ရတတ်မည်။
ယတြာ--
စေတီတစ်ဆူ၏ တနင်္လာထောင့်တွင် တနင်္လာနေ့၌ ကံ့ကော်
(၁၅) ညွန့်လှူ၍ လိုရာဆုတောင်းပါ။
----
အင်္ဂါ သား/သမီး
အလုပ်တွင်ရန်အတိုက်အခံများ၍
အဆင်မပြေမှူ အချို့ကြုံရတတ်မည်။ငွေကြေးပိုင်း
အနည်းငယ် အကြပ်အတည်း ကြုံနေရတတ်မည်။အချစ်ရေးကံ ကောင်းမွန်၍ စန်းပွင့်သောကာလဖြစ်မည်။ချစ်သူ၏ သဝန်တို စိတ်ကောက်ခြင်းမျိုး
ကြုံရတတ်မည်။အိမ်ထောင်ရေးကံ ကောင်းမွန်၍ ပြဿနာအထူး မရှိတတ်ပါ။ပညာရေး ပုံမှန်အနေအထားတွင်ရှိ၍
သာမန်ထက်ပိုသော
အောင်မြင်မှုမျိုး ရရှိမည်။
ယတြာ--
အင်္ဂါနေ့မွန်းလွဲနောက်ပိုင်းတွင် စေတီတစ်ဆူ၏ အင်္ဂါထောင့်၌ ယပ်အနီ(၈) လက် လှူ၍ အခက်အခဲ၊ဘေးဒုက္ခများ ပျောက်လွင့်ရန် ဆုတောင်းပါ။
-----
ဗုဒ္ဓဟူးသား/သမီး
လုပ်ငန်းတွင် အခက်အခဲ
တစ်ရပ် ကြုံနေရတတ်မည်။ လက်အောက်ငယ်သားများကြောင့် ကြုံရတတ်သော အခက်အခဲမျိုး ဖြစ်တတ်သည်။ငွေကြေးပိုင်းလည်း ရစရာများ နှောင့်နှေးကြန့်ကြာနေတတ်မည်။ကျန်းမာရေး များသောအားဖြင့် ကောင်းမွန်နေမည်။ဝမ်းပျက်ခြင်း၊ဗိုက်အောင့်ခြင်းမျိုး သတိထားပါ။အချစ်ရေး
အဆင်မပြေ စကားများ
ရန်ဖြစ်ရတတ်သည်။မိမိက စကားမလွန်စေဖို့ သတိထားပါ။အိမ်ထောင်ရေး အညံ့ပေါ်၍ အိမ်ထောင်ဘက် အိမ်မှထွက်သွားတတ်ချင်းမျိုး ဖြစ်တတ်၍
သတိပြုပါ။ပညာရေးကံ
ကောင်းမွန်၍ အောင်မြင်မှု အထူးရတတ်မည်။
ယတြာ--
ဗုဒ္ဓဟူးနေ့ မွန်းလွဲပိုင်းတွင် စေတီတစ်ဆူ၏ဗုဒ္ဓဟူးထောင့်တွင်
ရွှေရောင် ထီး(၄) လက်
ကပ်လှူ၍ လိုရာဆုတောင်းပါ။
---
ကြာသပတေး သား/သမီး--
လုပ်ငန်းမှာ မတည်ငြိမ်
အတက်မကျ များနေတတ်မည်။ငွေကြေးကံ
သင့်တင့်စွာ ကောင်းမွန်နေမည်။ကျန်းမာရေး များသောအားဖြင့် ကောင်းမွန်နေမည်။အချစ်ရေးကံ ညံ့တတ်၍ အနေဝေးနေတတ်မည်။တစ်ယောက် တစ်နေရာစီ ရောက်နေတတ်မည်။အိမ်ထောင်ရေးကံညံ့၍ ရန်ခိုက်ဒေါသ ဖြစ်ရတတ်၍ သတိပြုပါ။ပညာရေးကံ အထူးကောင်းမွန်၍ အောင်မြင်မှုများ ရနေမည်။
ယတြာ--
ကြာသပတေးနေ့တွင်
စေတီတစ်ဆူ၏ ကြာသပတေးထောင့်၌ မြေပဲဆီဖြင့် ဆီမီး(၅)
ခွက် ထွန်းညှိပူဇော်ပေးပါ။
---
သောကြာ သား/သမီး
လုပ်ကိုင်သမျှ အဆင်ပြေအောင်မြင်နေတတ်သောကာလဖြစ်သည်။ငွေကြေး
အခြေအနေ ပုံမှန်လည်ပတ်နေမည်။ပေးစရာကိစ္စချို့အတွက် စိတ်ပူပန်ရတတ်မည်။
ကျန်းမာရေး အညံ့ရှိ၍
ဆီး‌ရောဂါ၊ရင်ဝမ်းဥပါဒ်ပေးတတ်ခြင်းမျိုး သတိပြုပါ။အချစ်ရေး ကံ အညံ့ရှိ၍ ချစ်သူနှင့် လမ်းခွဲရမည့် အခြေအနေထိ ကြုံရတတ်ဖွယ်ရှိ၍ သတိပြုဆင်ချင်ပါ။အိမ်ထောင်ရေး ကတောက်ကဆ အချိုအထင်လွဲဖွယ်ကိစ္စမျိုး
ကြုံရတတ်၍ သတိပြုပါ။ပညာရေး ကံ ကောင်းမွန်နေပါမည်။
ယတြာ---
သောကြာနေ့ မွန်းမလွဲမီ
သံဃာငယ်တစ်ပါးကို သင်္ကန်းတစ်စုံ လှူပေးပါ။
----
စနေ သား/သမီး
လုပ်ငန်းအခြေအနေညံ့၍ တုံ့ဆိုင်း ပိတ်လုနီးသည်ထိ ဖြစ်နိုင်၍ အထူးသတိပြုပါ။ငွေကြေးရသင့်သလောက်ရနေသော်လည်း ပေးဆပ်စရာက ပိုများနေတတ်မည်။ကျန်းမာရေး အညံ့ရှိ၍ စိတ်ဖိစီးခြင်း၊အာရုံကြောရောဂါ၊လေဖြတ်ခံရခြင်း
မျိုး သတိပြုပါ။အချစ်ရေး အညံ့ရှိ၍ နားလည်မှူလွဲကာ ခွာပြဲရတတ်၍ သတိပြုပါ။အိမ်ထောင်ရေးကံ ညံ့တတ်၍ ကွဲကွာနိုင်ခြင်းမျိုး သတိပြုပါ။ပညာရေးကံ သင့်တင့်သော်လည်း
အချစ်ရေးကြောင့် ပညာရေး အနှောင့်အယှက်ဖြစ်နိုင်ခြင်းမျိုး
သတိပြုပါ။
ယတြာ--
စနေနေ့ မွန်းလွဲပိုင်းတွင်
စေတီတစ်ဆူ၏စနေထောင့်၌ နှင်းဆီပန်းရနံ့ အမွှေးတိုင် (၁၀) တိုင်ထွန်းညှိပူဇော်၍ လိုရာဆုတောင်းပါ။

ဆရာဝင်းမင်း (B.Sc)