One Friday Fights 84 ပွဲစဉ်တွင် မြန်မာကိုယ်စားပြု ဖိုက်တာ(၂)ဦး ပါဝင်ထိုးသ-တ်မည်
လာမည့်အောက်တိုဘာ (၂၅)ရက် ည(၇) နာရီခွဲအချိန်တွင် ပြုလုပ်မည့် One Friday Fights 84 ပွဲစဉ်တွင် မြန်မာကိုယ်စားပြု ဖိုက်တာ (၂) ဦး ပါဝင်ထိုးသ-တ်သွားမည်ဖြစ်ကြောင်း ONE ၏ တရားဝင် အသိပေးထုတ်ပြန်ချက်အရ သိရသည်။
အဆိုပါ ဖိုက်တာနှစ်ဦးမှာ ရိုးရာဖိုက်တာ စောအဲမွီနှင့် မွေထိုင်းဖိုက်တာ ဆွန်ရက်တို့ဖြစ်ပြီး စောအဲမွီအနေဖြင့် ဂမ်ဘီယာ/ဆွတ်ဇလန်ဖိုက်တာနှင့် ယှဉ်ပြိုင်ထိုးသ-တ်သွားရမည်ဖြစ်သလို ဆွန်ရက်အနေဖြင့် ဂျပန်နိုင်ငံသားနှင့် ယှဉ်ပြိုင် ထိုးသ-တ်သွားကြရမည်ဖြစ်သည်။
ရိုးရာဖိုက်တာ စောအဲမွီအနေဖြင့် ONE တွင် ဒုတိယအကြိမ် ယှဉ်ပြိုင်ထိုးသ-တ်ခြင်းဖြစ်ကာ လက်ရှိတွင် ထိုင်းနိုင်ငံသို့ ရောက်ရှိနေပြီး လေ့ကျင်ပြင်ဆင်မှုများပြုလုပ်လျှက်ရှိကြောင်း သိရသည်။