ရန်ကုန်မြို့အနီးအနားက
ဒီနေရာသွားလည်ပြီးကြပြီလား🍀
ဝင်ကြေးတစ်ဦးကို(၁၅၀၀)ကျပ်တည်းနဲ့တနေကုန်ဝင်လည်လို့ရတဲ့နေရာလေး🍀
ရန်ကုန် မင်္ဂလာဒုံ ထောက်ကြန့်နားမှာရှိတဲ့ TM Farm Roadhouse 🍀
📍TM Farm (လမ်းညွန်)
TM Farm က ရန်ကုန်နဲ့အနီးဆုံး ထောက်ကြန့်မှာ ရှိတာဖြစ်ပြီး ထောက်ကြန့်၊ တံခွန်တိုင်ရွာမှာပါ
ကားနဲ့လာခြင်သူတွေ အတွက် ထောက်ကြန့် စစ်သင်္ချိုင်းဘေးလမ်းကနေ ဝင်ရောက်ပြီး TM Farm ကို သွားရောက်ရမှာ ဖြစ်ပါတယ်☘️
ဘတ်စ်ကားနဲ့ သွားရောက်မယ့် သူတွေက YBS No.(37) (36) (35) (32)နဲ့ ထောက်ကြန့် စစ်သင်္ချိုင်းရှိတဲ့ မှတ်တိုင်ဆင်းရမှာပါ မှတ်တိုင်နာမည်က(လမ်းသစ်မှတ်တိုင်)ပါ
(37)ဝါယာလတ်ကားတော့မရောက်ပါဘူးနော်
ကားမှတ်တိုင်ရောက်တာနဲ့ ဆိုင်ကယ်ကယ်ရီတွေ ရှိပါတယ် လမ်းသစ်မှတ်တိုင်ကနေ TM Farm ထိကို ဆိုင်ကယ်ကယ်ရီကနေတစ်ဆင့်စီးသွားရပါမယ်
ဖွင့်ချိန် နံနက် (၆:၃၀-၆:၀၀) ထိ ပိတ်ရက်မရှိ ဖွင့်လှစ်ထားပါသည်
ရန်ကုန်မြို့နီးနီးနားနားလည်လို့ရမယ့်နေရာလေးတွေမေးကြလွန်းလို့ပြန်ပြီးတင်ပြပေးထားတယ်နော်