5 w - Translate

ရန်ကုန်မြို့အနီးအနားက
ဒီနေရာသွားလည်ပြီးကြပြီလား🍀

ဝင်ကြေးတစ်ဦးကို(၁၅၀၀)ကျပ်တည်းနဲ့တနေကုန်ဝင်လည်လို့ရတဲ့နေရာလေး🍀

ရန်ကုန် မင်္ဂလာဒုံ ထောက်ကြန့်နားမှာရှိတဲ့ TM Farm Roadhouse 🍀

📍TM Farm (လမ်းညွန်)

TM Farm က ရန်ကုန်နဲ့အနီးဆုံး ထောက်ကြန့်မှာ ရှိတာဖြစ်ပြီး ထောက်ကြန့်၊ တံခွန်တိုင်ရွာမှာပါ

ကားနဲ့လာခြင်သူ​တွေ အတွက် ထောက်ကြန့် စစ်သင်္ချိုင်းဘေးလမ်းကနေ ဝင်ရောက်ပြီး TM Farm ကို သွားရောက်ရမှာ ဖြစ်ပါတယ်☘️

ဘတ်စ်ကားနဲ့ သွားရောက်မယ့် သူတွေက YBS No.(37) (36) (35) (32)နဲ့ ထောက်ကြန့် စစ်သင်္ချိုင်းရှိတဲ့ မှတ်တိုင်ဆင်းရမှာပါ မှတ်တိုင်နာမည်က(လမ်းသစ်မှတ်တိုင်)ပါ
(37)ဝါယာလတ်ကားတော့မရောက်ပါဘူးနော်

ကားမှတ်တိုင်ရောက်တာနဲ့ ဆိုင်ကယ်ကယ်ရီတွေ ရှိပါတယ် လမ်းသစ်မှတ်တိုင်ကနေ TM Farm ထိကို ဆိုင်ကယ်ကယ်ရီကနေတစ်ဆင့်စီးသွားရပါမယ်

ဖွင့်ချိန် နံနက် (၆:၃၀-၆:၀၀) ထိ ပိတ်ရက်မရှိ ဖွင့်လှစ်ထားပါသည်

ရန်ကုန်မြို့နီးနီးနားနားလည်လို့ရမယ့်နေရာလေးတွေမေးကြလွန်းလို့ပြန်ပြီးတင်ပြပေးထားတယ်နော်

image
image
image
image