ရေဘေးကြောင့်သေဆုံးသူများကိုရည်စူးပြီး စားသောက်ကုန်လှူဒါန်
----------------------
အလိုတော်ပြည့်ဆရာတော်ကြီးကိုဦးထိပ်ထားပြီး ဆရာတော်ကြီးရဲ့တပည့်ရင်းအသျှင်ကုမာရ ဦးစီးဦးဆောင်ကာ ရေဘေးကြောင့်ကွယ်လွန်သွားသူတွေကိုရည်စူးပြီး သံဃာတော်တွေနဲ့သီလရှင်တွေကိုဆွမ်းဆန်စိမ်း၊ဝတ္ထုငွေနဲ့ စားသောက်ကုန်တွေလောင်းလှူတာ၊ အနှေးယာဉ်မောင်းလုပ်သားတွေနဲ့ အခြေခံအိမ်ထောင်စုတွေကို စားသောက် ကုန်တွေလှူဒါန်းတာတွေကို အောက်တိုဘာလ(၁၇)ရက်နေ့ညနေပိုင်းက ရန်ကုန်အလိုတော်ပြည့်ကျောင်းတိုက်မှာ ပြုလုပ်ခဲ့ပါတယ်။
ရန်ကုန်အလိုတော်ပြည့်ကျောင်းတိုက်ဆရာတော်အသျှင်ကုမာရဦးဆောင်ပြီး အလှူရှင်တွေနဲ့ အနုပညာရှင်တွေပူး ပေါင်းကာ သံဃာတော်အပါး၅၀၀၊ သီလရှင်အပါး၁၀၀၊ အနှေးယာဥ်လုပ်သား ၂၀၀နဲ့ အခြေခံအိမ်ထောင်စု ၅၀၀ တို့ကို ဆန်၊ ဆီနဲ့ အခြေခံစားသောက်ကုန်တွေ၊ အသီးအနှံတွေ၊ ဆေးဝါးတွေ၊ ဆပ်ပြာတွေနဲ့ သွားတိုက်ဆေးအပါ အဝင်အသုံးအဆောင်ပစ္စည်းများစွာကိုလှူဒါန်းခဲ့တာပါ။
လပြည့်နေ့အခါသမယကျရောက်တဲ့နေ့တိုင်း စားသောက်ကုန်လှူဒါန်းတာတွေကိုပြုလုပ်ခဲ့ပြီး အခုအကြိမ်မှာတော့ ရေဘေးကြောင့်ကွယ်လွန်သွားသူတွေကိုပါရည်စူးပြီး လှူဒါန်းဖြစ်တယ်လို့လည်း ရန်ကုန်အလိုတော်ပြည့် ကျောင်းတိုက်ဆရာတော်အသျှင်ကုမာရကမိန့်ပါတယ်။
အဲဒိအခမ်းအနားကိုအလှူရှင်တွေနဲ့အတူ အနုပညာရှင်လည်းတက်ရောက်လှူဒါန်းခဲ့ကြပြီး အနုပညာရှင်တွေ ကလည်းတေးသီချင်းတွေနဲ့သီဆိုဖျော်ဖြေခဲ့ကြတယ်လို့သိရပါတယ်။
စားသောက်ကုန်တွေလှူဒါန်းရာမှာပါဝင်လှူဒါန်းခွင့်ရလို့ ဝမ်းသာပီတိဖြစ်မိတယ်လို့လည်း သရုပ်ဆောင် မျိုးစန္ဒီကျော်ကအခုလိုပြောပါတယ်။
အစစအရာရာကုန်ဈေးနှုန်းတွေမြင့်တက်နေလို့ စားဝတ်နေရေးအခက်အခဲဖြစ်နေချိန်မှာ လှူဒါန်းပေးတာကြောင့် မိသားစုစားသောက်ရေးမှာ အထောက်အပံ့တွေဖြစ်စေတဲ့အတွက် ဝမ်းသာမိတယ်လို့လည်း အနှေးယာဉ်မောင်း လုပ်သားတစ်ဦးကအခုလိုပြောပါတယ်။
ဒါ့အပြင် အောက်တိုဘာလ(၁၉)ရက်နေ့ညနေပိုင်းမှာလည်း ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်၊ ၅၁ရပ်ကွက်၊ အမှိုက်ပုံကြီးလမ်းထိပ်အနီးရှိ အခြေခံအိမ်ထောင်စုတွေကို စားကုန်တွေသွားရောက်လှူဒါန်းသွားမှာ ဖြစ်တယ်လို့လည်းသိရပါတယ်။