ရန်ကုန်တိုင်းအတွင်း ဒုတိယရက်မြောက် မိုးသည်းထန်စွာ ရွာသွန်း
ယနေ့ အောက်တိုဘာ (၂၀)ရက် ညနေ (၅)နာရီဝန်းကျင်အချိန်တွင် ရန်ကုန်တိုင်းအတွင်း ဒုတိယရက်မြောက်အနေဖြင့် မိုးသည်းထန်စွာ ရွာသွန်းခဲ့သည်။
ရွာသည်းထန်စွာ ရွာသွန်းချိန် မိနစ် (၃၀)ခန့်ကြာမြင့်ခဲ့ပြီး၊ လျှပ်စီးလက်ခြင်း၊ လေပြင်းတိုက်ခတ်ခြင်းများပါ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်
ယမန်နေ့ ညပိုင်းအချိန်၌လည်း လေပြင်းတိုက်ခတ်ခြင်း၊ မိုးသည်းထန်စွာရွာသွန်းခြင်း တို့ကြောင့် ရန်ကုန်တိုင်းအတွင်းရှိ အချို့မြို့နယ်များတွင် သစ်ပင်လဲပြိုခြင်းများ ဖြစ်ပွားခဲ့သေးသည်။
ကပ္ပလီပင်လယ်ပြင်မြောက်ပိုင်းတွင်ဖြစ်ပေါ်နေသည့် လေဖိအားနည်းဆဲလ်သည် အောက်တိုဘာ (၂၃) ရက်တွင် မုန်တိုင်းငယ်အဖြစ်ရောက်ရှိနိုင်သည်ဟု မိုးဇလမှ ယနေ့ အောက်တိုဘာ (၂၀) ရက်နံနက်(၇) နာရီက အထူးမိုးလေဝသသတင်းအဖြစ် အသိပေးထားသည်။