5 w - Translate

(၆)လအတွင်း ပြည်ပငါးတင်ပို့မှုမှ ကန်ဒေါ်လာ ၁၇၆ သန်းကျော် ရရှိထား

ယခုဘဏ္ဍာနှစ်၏ မီနီဘတ်ဂျက် ခြောက်လတာကာလအတွင်း ပြည်ပသို့ ငါးတန်ချိန် ၁ သိန်း ၆ သောင်းကျော် တင်ပို့နိုင်ခဲ့ပြီး အမေရိကန်ဒေါ်လာ ၁၇၆ သန်းကျော်ဖိုး ရရှိခဲ့ကြောင်း ငါးလုပ်ငန်းဦးစီးဌာနမှ သိရသည်။

ပြည်တွင်းမှ ရေထွက်ကုန်များကို ပြည်ပသို့ ပုံမှန်ကုန်သွယ်ရေးလမ်းကြောင်းနှင့် နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းမှ တင်ပို့ခြင်းဖြစ်ပြီး ပုံမှန်ကုန်သွယ်မှုမှ ငါးမက်ထရစ်တန် ၈၂ ၀၀၀ ကျော် တင်ပို့ခဲ့ကာ ကန်ဒေါ်လာ သန်း ၁၁၀ ကျော်ရရှိထားကြောင်း သိရသည်။

အလားတူ နယ်စပ်ကုန်သွယ်မှုမှ ငါးမက်ထရစ်တန်ချိန် ၇၈၀၀၀ ကျော် တင်ပို့ခဲ့ပြီး ကန်ဒေါ်လာ ၆၅ သန်းကျော် ရရှိခဲ့ကြောင်း သိရသည်။

ပြည်တွင်းမှ ပုစွန် အပါအဝင် ငါးစသည့် ရေထွက်ကုန်များကို တရုတ်၊ ထိုင်း၊ ဘင်္ဂလားဒေ့ရှ်၊ ဂျပန် စသည့် နိုင်ငံပေါင်း (၄၀) ကျော်သို့ တင်ပို့နေခြင်းဖြစ်ပြီး ရန်ကုန်မြို့မှတဆင့်ပင်လယ်ရေကြောင်းမှ ပုံမှန်တင်ပို့မှုအပြင် နယ်စပ်ကုန်သွယ်မှုမှလည်း တိုက်ရိုက် တင်ပို့လျက်ရှိကြောင်း သိရသည်။

image
image
image