5 w - Translate

အောက်တိုဘာ ၂၀ ရက် ညနေ ၄ နာရီ ၁၅ မိနစ် AWN Cloud မှ ရရှိတဲ့ radar ပုံမှာ မြန်မာနိုင်ငံအလယ်ပိုင်းဒေသတွေအထိ မိုးမများပေမဲ့ ထစ်ချုန်းတဲ့ အခြေအနေတွေ ဖြစ်ပေါ်နေတာ(လျှပ်စီးလက် မိုးကြိုးပစ်နိုင်တာတွေ) တွေ့ရပါတယ်။
ရန်ကုန်တိုင်းနဲ့ ဧရာဝတီတိုင်းတွေမှာတော့ အခုဖြစ်ပေါ်နေတဲ့ ကပ္ပလီပင်လယ်ပြင်မြောက်ပိုင်းက လေဖိအားနည်းရပ်ဝန်းအရှိန်ကြောင့် တိမ်ထုဖြစ်ပေါ်မှုအခြေအနေနည်းနေသေးသော်လည်း လျှပ်စီးတွေ မိုးကြိုးတွေ အခုညနေပိုင်းမှာ စပြီး အရှေ့ဘက်နဲ့ အရှေ့တောင်ဘက်အရပ်မှ ဝင်လာနေတာကို တွေ့ရပါတယ်။ Weather Station တွေမှာ မိုးရွာကြောင်းပြတာတော့ မရှိသေးပါဘူး။
လေပြင်းတိုက်တဲ့အခြေအနေတွေကိုတော့ သီလဝါ station နဲ့ အထပ်မြင့်ပေါ်က ကမာရွတ် station တွေမှာ တနာရီ မိုင် ၂၀ ကျော် တောင်ဘက်နဲ့ အရှေ့ဘက်အရပ်တွေက GUST WIND ရှိနေကြောင်း ပြပါတယ်။
ရန်ကုန်တိုင်းအတွင်း မိုးရွာနိုင်မဲ့ အခြေအနေက ရန်ကုန် ကမာရွတ်မှာ အောက်ဘာ ၂၀၊ ၂၁၊ ၂၂ နဲ့ ၂၃ ရက်တွေမှာ မိုးများနိုင်(၂၄ နာရီအတွင်း မီလီမီတာ ၈၀ ကျော် - ၃ လက်မကျော်)အထိ ရွာနိုင်မယ်လို့ တွေ့နေရပါတယ်။ အခြားသောမြို့နယ်များလဲ ကမာရွတ်မြို့နယ်နည်းတူ မိုးများနိုင်ပါမယ်။
ဒီနေ့ညနေပိုင်းမှာ ရရှိတဲ့ GEFS ကြိုတင်ခန့်မှန်းချက်အရ မုန်တိုင်းဖြစ်လာပြီးတဲ့အခါ ဆက်လက်ဦးတည်ရွေ့လျားနိုင်မဲ့လမ်းကြောင်းက -
ရခိုင်ကမ်းရိုးတန်းနဲ့အပြိုင်နီးပါး မြောက်ဘက်ကို ရွေ့ပြီး အိန္ဒိယနိုင်ငံ၊ အနောက်ဘင်္ဂလားပြည်နယ်နဲ့ ဘင်္ဂလားဒေ့ရှ်နယ်စပ်ကိုသာ ဦးတည်နိုင်မယ်လို့ တွေ့ရပါတယ်။ (နောက်ဆုံးပုံမှာကြည့်ပါ)
မုန်တိုင်းဖြစ်လာပြီးတဲ့အခါ လမ်းကြောင်းအတည်ပြုချက် ထပ်ပြောပေးပါမယ်။
U Win Naing

image