မောင်မောင် တယောက်တည်း လ္ဘက်ရည်ဆိုင်ထိုင်နေတုန်း
ကျော်ကျော်ဟာ မာစီဒီးကားသစ်ကြီးမောင်းပြီး
ရောက်ချလာတာတယ်။
ဟျောင့် - တယ်ဟုတ်နေပါ့လား။
ဒီမာစီဒီးကားသစ်ကြီးက ဘယ်သူ့ကားတုန်း။
ငါမောင်းလာရင် ငါ့ကားပေါ့ကွ။
ကျော်ကျော့်အခြေအနေကို သိနေတဲ့မောင်မောင်က
ဟုတ်ပါပြီ။ ဘယ်လိုရလာတာတုန်း ပြောစမ်းပါအုံး။
ဆူဇမ် ပေးလိုက်တာ။
မောင်မောင် မျက်ခုံးမြင့်သွားပြီး
ဟို ချာတိတ်မတောင့်တောင့်လေးက ပေးလိုက်တာ ?
တအံ့တဩ ပြန်မေးလိုက်တယ်။
ဘယ်လို - ဘယ်လို ?
မနေ့ညနေက
ငါ့ကို ဒီကားနဲ့လာခေါ်ပြီး မြို့ပြင်ကိုမောင်းသွားကြတယ်။
လူပြတ်တဲ့နေရာရောက်တော့
ဘေးနားက တောအုပ်ထဲမောင်းဝင်သွားပြီး
ရေကန်လေးအစပ်ရောက်တော့
နှစ်ယောက်သား ဆင်းကြတယ်။
တအောင့်နေတော့ ဆူဇမ်က
အဝတ်အစားတွေအကုန်ချွတ်ပြီး
လိုချင်တာ ယူ တဲ့။ 😳😳😳
အဲဒါနဲ့ ငါလည်း ဒီမာစီဒီးကားကြီးယူချလာတာ 😋😋😋
တော်လိုက်တဲ့ငါ့သူငယ်ချင်း။
အဝတ်အစားယူရင် မင်းနဲ့တော်မှာ မဟုတ်ဘူး 😁😁😁
Credit