တစ်ယောက်နဲ့တစ်ယောက် တောက်ပချိန်တွေမတူပါဘူး။ တစ်လဘယ်လောက်ဝင်လို့ဆိုပြီး
ကြည့်ပြီး အားမငယ်နဲ့။
တစ်ယောက်နဲ့တစ်ယောက်
တောက်ပမယ့်အချိန်တွေဟာ မတူတတ်ကြလို့ပါ။
လူတစ်ယောက်မှာ သူ့ရဲ့ အတောက်ပအဆုံးအချိန်
(prime time) ဆိုတာရှိပါတယ်။
သူများတောက်ပတဲ့အချိန်မှာ ကိုယ်က
မတောက်ပလို့ဆိုပြီး စိတ်အားငယ်စရာမလိုပါဘူး။
ပိုက်ဆံတွေအများကြီးမဝင်လည်း ရိုးရိုးသားသားနဲ့ သန့်သန့်ရှင်းရှင်းလုပ်ကိုင်စားသောက်တာကို ဂုဏ်ယူပါ။
ကိုယ်လုပ်တဲ့အလုပ်က ပတ်ဝန်းကျင်ကို
အကျိုးပြုနေတယ်ဆိုရင် ကိုယ့်ရဲ့တောက်ပမယ့်အချိန်လည်း ရောက်လာမှာပါ။
ပိုက်ဆံလူတိုင်းလိုပေမဲ့ လူတိုင်းပိုက်ဆံနောက်လိုက်နေကြတာတော့ မဟုတ်ပါဘူး။
စိတ်ဓာတ်ကျစရာလည်းမလိုပါဘူး။
ကိုယ်ကောင်းတာလုပ်နေတယ်ဆို လုပ်နေတာကိုဂုဏ်ယူစွာလုပ်ပါ။ အလိုလိုတောက်ပလာမှာပါ။