6 w - Translate

ပြီးပြတ်မထားတဲ့ ကံကြမ္မာဆိုတာမျိုးက
တစ်ခေါက်ပြန် အရောက်လာတတ်သတဲ့...။

ပြတ်မသွားသော ချည်ကြိုးလိုမျိုး
အဆုံးသတ်မထားသော စာကြောင်းလိုမျိုးလေ.....။

သံယောဇဥ်အမျှင်တွေဆိုတာက ခက်တယ်
ဆက်ရနိုးနိုး.....မဆက်ရနိုးနိုး.....။

ဖက်တွယ်နေရင်ကောင်းနိုးနိုး....
အဆက်သွယ်ရပ်ရင်ကောင်းနိုးနိုးပေါ့ကွယ်.....။

ဒီခရီး နီးနီး....မနီးနီး
ပြီးတာတွေကတော့ ပြီးပါစေတော့....။

ဒီတစ်ခေါက်မှာတော့
ဆုံးဖြတ်သွားလိုက်စေချင်ပါရဲ့....
ပြီးပြီဆိုရင်လည်း....ပြီးပြီဆိုတဲ့အကြောင်းနဲ့ပေါ့.....။

#ညတာရာလင်း

image