6 w - Translate

မျိုးသုဉ်းလုနီးပါး ဖားများကို နေရပ်ရင်းပို့ဆောင်ပေး
-------------------
မျိုးသုဉ်းလုနီးပါးမျိုးစိတ်တွေက ဖား ၁၀ ကောင်ကို အက်တာကာမာသဲကန္တာရထဲက မြစ်တစ်စင်းရှိ သူတို့ရဲ့ သဘာဝနေရပ်ကို ပြန်လည်ရောက်ရှိဖို့ ပထမခြေလှမ်းအဖြစ် ချီလီနိုင်ငံမြောက်ပိုင်းက ထိန်းသိမ်းစောင့်ရှောက်ရေးစင်တာကို ပို့ဆောင်ခဲ့ပါတယ်။

မိုင်းတွင်းဒေသတွေကို ဖြတ်သန်းစီးဆင်းနေတဲ့ မြစ်ကိုအစွဲပြုပြီး လိုအာလို့ အမည်ပေးထားတဲ့ ဖါးမျိုးဟာ ၂၀၁၉ ခုနှစ်က ပြင်းထန်တဲ့မိုးခေါင်မှုကြောင့် မျိုးသုဉ်းမယ့်အန္တရာယ် ရှိနေပါတယ်။

ဒါပေမယ့်လည်း သိပ္ပံပညာရှင်တွေက တချို့ ဖါးနမူနာတွေကို ပြန်လည်ရှာဖွေနိုင်ခဲ့ပြီး သူတို့ကို ဆန်တီယေဂို ပါကွီမက်တိရစ္ဆာန်ရုံကို ပြောင်းရွှေ့နိုင်ခဲ့ပါတယ်။

ငါးနှစ်အကြာမှာ ပြန်လည်ထိန်းသိမ်းထားတဲ့ နမူနာတွေကို နိုင်ငံပိုင် ကြေးနီတူးဖော်ရေးကုမ္ပဏီက လုပ်ဆောင်တဲ့ ပရိုဂရမ်တစ်စိတ်တစ်ပိုင်းအနေနဲ့ အောက်တိုဘာလမှာ ဇီဝမျိုးစုံမျိုးကွဲနဲ့ ထိန်းသိမ်းရေးအတွက် လိုအာစင်တာကို ပြောင်းရွှေ့ခဲ့ပါတယ်။

ဖားတွေကို ဆန်တီယာဂိုကနေ လေယာဉ်နဲ့ ကွန်တိန်နာတွေထဲထည့် သယ်ယူခဲ့တာပါ။ အခုအစီအစဉ်အရ ဂေဟစနစ်ပြန်လည်ကောင်းမွန်လာတဲ့အခါ ကောင်ရေ တိုးပွားလာစေဖို့နဲ့ ဖားတွေကို သူတို့သဘာဝနေရပ်ကို ပြန်လည်မိတ်ဆက်ပေးခြင်းအပေါ် အာရုံစိုက်သွားမယ်လို့ ပညာရှင်တွေကဆိုပါတယ်။

image