6 w - Translate

မိုးရွာသွန်းပြီး လေပြင်းတိုက်ခတ်ခြင်းများဖြစ်ပေါ်
-----------------------------

ရန်ကုန်တိုင်းဒေသကြီးကမြို့နယ်အများစုမှာ အောက်တိုဘာ(၁၉)ရက်မနက်အစောပိုင်းက လေပြင်းတိုက် ခတ်တာနဲ့မိုးရွာသွန်းတာတွေဖြစ်ပေါ်ခဲ့တယ်ဒေသခံတွေရဲ့ပြောကြားချက်အရသိရပါတယ်။

တောင်ဒဂုံမြို့နယ်မှာနေထိုင်သူအချို့ကတော့ အောက်တိုဘာ(၁၉)ရက် မနက်အစောပိုင်းကမိုးရွာသွန်းပြီး လေပြင်းတိုက်ခတ်တာတွေဖြစ်ပေါ်ခဲ့တာကြောင့် သစ်ပင်မှသစ်ကိုင်းကျိုးကျတဲ့ဖြစ်စဉ်အချို့ဖြစ်ပွားခဲ့တယ် လို့လည်းပြောပါတယ်။

နေပြည်တော်၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်တို့မှာ အောက်တိုဘာ(၁၉)ရက်မှ (၂၄)ရက်အတွင်း နေရာစိပ်စိပ်မှနေရာအနှံ့အပြား မိုးထစ်ချုန်းရွာနိုင်တယ်လို့လည်း မိုးလေဝသနှင့်ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနက အထူးမိုးလေဝသသတင်းထုတ်ပြန်ချက်ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင်အချို့ဒေသတွေမှာလည်း ဒေသအလိုက် မိုးကြီးတာ၊ နေရာကွက်ပြီးမိုးကြီးတာနဲ့အတူ လေပြင်းတိုက် ခတ်တာတွေဖြစ်ပေါ်နိုင်တယ်လို့လည်း အသိပေးထုတ်ပြန်ထားပါတယ်။

ထိုင်းပင်လယ်ကွေ့မှ ရွေ့လျားလာနိုင်တဲ့ လေပွေလှိုင်းတွေရဲ့အရှိန်၊ ကပ္ပလီပင်လယ်ပြင်မှာဖြစ်ပေါ်လာနိုင်တဲ့ လေဖိအားနည်းဆဲလ်နဲ့ ဘင်္ဂလားပင်လယ်အော်မှာဖြစ်ပေါ်လာနိုင်တဲ့ လေဖိအားနည်း ရပ်ဝန်းရဲ့အရှိန်နဲ့ အပူပျံ တက်တိမ်တွေ ဖြစ်ထွန်းမှုအားကောင်းတာတွေကြောင့်အခုလိုမိုးလေဝသဖြစ်စဉ်တွေဖြစ်ပေါ်နိုင်တာဖြစ်တယ်လို့ ဆိုပါတယ်။

ဒါ့ကြောင့် မိုးသည်းထန်စွာရွာသွန်းတာ၊ လေပြင်းတိုက်ခတ်တာ၊ မိုးထစ်ချုန်းတာ၊ မိုးကြိုးပစ်တာ၊ လျှပ်စီး လက်တာ၊ မိုးသီးကြွေတာ၊ လျှပ်တစ်ပြက်ရေကြီးတာနဲ့ မြေပြိုတာစတဲ့ သဘာဝဘေးအန္တရာယ်တွေ ဖြစ်ပေါ်နိုင် တယ်လို့လည်းဆိုပါတယ်။

ကုန်းမြင့်ဒေသအနီးတွင် နေထိုင်ကြသူတွေအနေနဲ့ မြေပြိုမှုအန္တရာယ်၊ မြစ်ငယ်၊ ချောင်းငယ်များအနီးမှာ နေထိုင်ကြသူတွေအနေနဲ့ ရေကြီး၊ ရေလျှံမှုတွေ၊ပြည်တွင်းရေကြောင်းသွားလာရေးနဲ့ လေကြောင်းပျံသန်း ရေးတွေအနေနဲ့လည်း သတိပြုနိုင်ဖို့ သတိပေးနှိုးဆော်ထားပါတယ်။

image